Unicode
လှိုင်းခတ်သံ စင်နောက်ကို ပြန်လာချိန်တွင်တော့ ခြေထောက်များတောင့်ခဲနေသည်ကိုပင် ခံစားရသည်။ သူ လွတ်နေတဲ့ အဝတ်လဲခန်းတစ်ခုကို အမြန်ဝင်လိုက်ပြီး ကျောင်းဝတ်စုံ ပြန်လဲလိုက်သည်။
အနောက်တိုင်းဝတ်စုံကို ဝတ်ရသည်က အဆင်ပြေသော်လည်း ကျောင်းဝတ်စုံလောက်တော့ ပေါ့ပါးမှုကို မခံစားရ။
သူ လဲပြီးသည်နှင့် အဝတ်ကိုသေချာပြန်ခေါက်လိုက်ပြီး အခန်းထဲက ထွက်လာလိုက်သည်။ သို့သော်လည်း
"လှိုင်းခတ်သံ အစ်မ မင်းကို ကြိုက်တယ်"
အခန်းထဲမှ ထွက်လာချင်းချင်း မြင်လိုက်ရသည်က သူ့ကို အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ အတန်းကြီးကမိန်းကလေး ငါးယောက်အုပ်စုဖြစ်သည်။ ကျန်သည့်သူများကလည်း ဘေးပတ်လည်တွင် ဝိုင်းနေကာ စင်နောက်ဘက်တွင် ပွဲစည်နေတော့သည်။
အစ်မကြီးလက်ထဲတွင်လည်း စာတစ်စောင်ကိုင်ထားကာ သူ့ရှေ့ကို ထိုးပေးထားသည်။ အစ်မကြီး၏ မျက်လုံးထဲတွင်တော့ 'မင်း မငြင်းနိုင်ပါဘူး' ဆိုသည့် အထင်သေးသည့်အကြည့်တို့က ကပ်ညှိနေသည်။ သူက ထိုကဲ့သို့ ယောကျာ်းတိုင်း သူမကို ကြိုက်မည်ထင်နေသည့် မိန်းကလေးမျိုးကို အမုန်းဆုံးဖြစ်သည်။
"အစ်မပုံစံက မဆိုးပါဘူး"
ရည်းစားစာကိုင်ထားသည့် မိန်းကလေးမှာ လှိုင်းခတ်သံ၏ စကားသံကို ကြားပြီး ခံစားချက် သိပ်မကောင်းတော့ပေ။
"အဲ့တော့.."
"ကျွန်တော် အစ်မကို မကြိုက်ဘူး.. အစ်မမှာ ချို့ယွင်းချက်တွေ အများကြီးပဲ"
"ဘာ"
"ကြားတဲ့အတိုင်းပဲ ရုပ်ရည်ဆိုရင်လည်း ကျွန်တော်နဲ့ ယှဉ်လျှောက်သွားရင် အစ်မ မျက်နှာငယ်မှာ စိုးရိမ်ရတယ် ..ပညာရေးဆိုလည်း အစ်မပုံက တော်မဲ့ပုံ မဟုတ်ဘူး ကျွန်တော်က စာတော်တယ်လေ အစ်မ ယှဉ်လို့ရတာမှ မဟုတ်တာ.."
"......"
"ကျွန်တော်က အစ်မအတွက် တွေးပေးတာပါ ခွင့်ပြုပါဦး"
လှိုင်းခတ်သံ ထိုအစ်မကြီးကို ကျော်သွားပြီးသည့်အချိန်မှာပင် အစ်မကြီး၏ ဒေါသသံက မဆိုင်းမတွ ထွက်လာသည်။
YOU ARE READING
ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]
RandomStart Date 2.9.2023 End Date 6.4.2024 ဘဝမှာ ကံကြမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယုံကြည်လာတာမို့လို့ ကံကြမ္မာကို ယုံကြည်မှုပျောက်အောင် မလုပ်ဖို့ တောင်းဆိုပါတယ် လှိုင်းခတ်သံ ဘဝမွာ ကံြကမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယွုံကည်လာတာမို့လို့ ကွံကမ်မာကို ယွုံ...