Episode 39

564 43 4
                                    

ဆယ့်တစ်နှစ်ခန့်ကြာလွန်သော်

"အားလုံးပဲ မင်္ဂလာပါ ယနေ့ Healthy Lifestyle live show ရဲ့ အထူးဧည့်သည်ကတော့ အားလုံးလည်း သိကြတဲ့ ဦးနှောက်နှင့် အာရုံကြောဆရာဝန် ဒေါက်တာ စိုင်းစက္ကဆိုင်းပါ"

အမျိုးသမီး၏စကားအဆုံးတွင် မြင်ကွင်းထဲကို ဝင်ရောက်လာသည့် အမျိုးသားတစ်ယောက်။ အပြုံးရေးရေးနှင့် ဖော်ရွေသော်လည်း ပေါင်းရခက်မည့်ဟန်ရှိသည့် ထိုအမျိုးသား။

Laptop ကနေ အစီအစဉ်ကို ကြည့်နေသည့်အမျိုးသားမှာ ဒေါက်တာဆိုသူအား ဖန်သားပြင်မှတစ်ဆင့် ယုယစွာ ထိတွေ့မိလိုက်သည်။

"မကြာတော့ပါဘူး"

********

စိုင်းမှာတော့ အစီအစဉ်ပြီးသည်နှင့် ခပ်မြန်မြန်ပင် ထွက်လာလိုက်သည်။ ဆေးဘက်ဆိုင်ရာ အစီအစဉ်သာ ပြောတယ် လူကို လာပြုံးခိုင်းနေသည်မှာ တစ်စက်မှ အချိုးမပြေ။ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည့် ရည်းစားရှိလားကိုပင် လာမေးနေသည်က အဆိုးဆုံးပင် ဖြစ်သည်။ ပြောပြီးသားကိစ္စမို့သာ မဟုတ်ရင် သွားဖို့တောင် တွေးမည်မဟုတ်။

သူ ကားပါကင်ကို ရောက်တော့ သူ့အားစောင့်ဆိုင်းနေသည့် မိုးဦးကြွေကို တွေ့လိုက်ရသည်။ မိုးဦးကြွေကတော့ သူ့ကို မျက်နှာချိုသွေးသလို ပြုံးပြလာရင်း

"ငါ့စိုင်းလေးကလည်း ဆူပုတ်မနေပါနဲ့"

စိုင်းကတော့ ထိုတစ်ယောက်စကားကို နားထောင်မနေတော့ဘဲ ကားထဲဝင်ကာ မိုးဦးကြွေကို ချန်ပြီး မောင်းထွက်သွားလိုက်တော့သည်။ မိုးဦးကြွေကလည်း အစီအစဉ်ရဲ့ ပရိုဂျူဆာနဲ့ တွေ့ဖို့လာတာလေ။ သူ့ကို လာစောင့်တာမှ မဟုတ်တာ။

ယနေ့က ဂျူတီမရှိသည့်အတွက် သူ အိမ်ကိုပဲ တန်းတန်းမတ်မတ် ပြန်လာလိုက်သည်။ သူနေသည့်ရပ်ကွက်က သူဌေးရပ်ကွက်ဖြစ်သည်ကြောင့် လူခြေတိတ်ဆိတ်ကာ တစ်ယောက်ယောက်‌နှောင့်ယှက်မှာကို စိတ်မပူရပေ။ သူ့အမေက သူ ဆေးကျောင်းပြီးတော့ ယခုလက်ရှိအိပ်ကို ဝယ်ပေးထားခြင်းပင်။ သူလည်း ငြင်းမနေပဲ လက်ခံလိုက်ပါသည်။

အိမ်က နှစ်ထပ်အိမ်ဖြစ်ကာ အလွန်ကျယ်ဝန်းသော်လည်း လူက သူ့အပြင် မရှိချေ။ တစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးငှားထားသည်။ တစ်ခါတစ်ရံတွင် အထိးကျန်သော်လည်း အကျင့်ဖြစ်သွားက ထိုသို့တစ်ယောက်တည်း နေရခြင်းက သူ့စိတ်ကို ပိုမိုအေးချမ်းစေသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now