"ဒီနေ့ ဘာနေ့လဲ အစ်ကို တကယ်မသိတာလား"
"ဘာကိုလဲ"
"ဒီနေ့လေ"
"တနင်္ဂနွေလေ... မင်း ငါ့ကို မေးတာ ဘယ်နှခါမှန်းမသိတော့ဘူးနော်"
စိုင်းမှာ အရိပ်ပြလို့အကောင်မမြင်သည့် လှိုင်းခတ်သံကြောင့် ဘာမှထပ်မပြောချင်တော့။ သူ စာသာဆက်လုပ်နေရင်း လှိုင်းခတ်သံကို မသိချင်ယောင်ဆောင်နေလိုက်တော့သည်။ လေးနှစ်မှတစ်ကြိမ်ရှိတဲ့ သူ့မွေးနေ့လေးကို အခြားလူ မမှတ်မိရင်နေပါ။ လှိုင်းခတ်သံကတော့ မှတ်မိသင့်တယ်လေ။ လှိုင်းခတ်သံမွေးနေ့ဆို သူ ဘယ်တုန်းက မေ့ဖူးလို့လဲ။
သူ နှာခေါင်းထဲက ချဉ်စူးလာမှုနှင့် မျက်လုံးတို့မှ စပ်ဖျဉ်းဖျဉ်းခံစားမှုတို့ကို ချုပ်တည်းရင်း ရင်ထဲရှိ ဝမ်းနည်းမှုတို့ကို မြိုသိပ်ထားလိုက်တော့သည်။
သူ့အဖေဖြစ်သူ သူ့မွေးနေ့ကိုမမှတ်မိတာတောင် သူဒီလိုမခံစားရဘူး။လှိုင်းခတ်သံမှာတော့ စိုင်း မရိပ်မိဘူးဆိုတာ သေချာမှသာ အသက်ဝဝရှူနိုင်တော့သည်။
သူ နာရီကို ကြည့်လိုက်တော့ ညနေငါးနာရီ ခွဲသွားပြီ။
'ဘယ်လောက်မှ မလိုတော့ဘူး'လှိုင်းခတ်သံမှာ ခြောက်နာရီထိုးဖို့ ငါးမိနစ်အလိုတွင်တော့
"စိုင်း ငါ့နောက် ခဏလိုက်ခဲ့ဦး"
စိုင်းမှာတော့ လှိုင်းခတ်သံကို စိတ်ဆိုးနေတာကြောင့်
"မလိုက်ဘူး"လှိုင်းခတ်သံမှာ အကြပ်ရိုက်သွားသော်လည်း ပါးစပ်ထဲရှိရာ ကောက်ပြောလိုက်တော့သည်။
"လမ်းထိပ်မှာ မိုးဦးကြွေတို့ ရောက်နေတယ်.. ဘာလုပ်မလို့လဲ မသိဘူး"စိုင်းမှာ အနည်းငယ်ကြောင်သွားသော်လည်း ဒီတစ်ခေါက်တွင်တော့ မငြင်းတော့ဘဲ လှိုင်းခတ်သံနောက်က လိုက်လာလိုက်သည်။
စိုင်းမှာတော့ လမ်းထိပ်ကို ကျော်လာသော်လည်း ဘယ်သူ့ကိုမှ မတွေ့တာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ လမ်းထိပ်က လမ်းငါးခုဆုံသလိုဖြစ်ကာ အလယ်တည့်တည့်တွင် ရပ်ကွက်ကစားကွင်းရှိသည်။ စိုင်းမှာ လှိုင်းခတ်သံကို မေးဖို့ပြင်တုန်း ရှိသေးသည် အချို့သော စကားလုံးများကြောင့် ကြောင်သွားသည်။
YOU ARE READING
ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]
RandomStart Date 2.9.2023 End Date 6.4.2024 ဘဝမှာ ကံကြမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယုံကြည်လာတာမို့လို့ ကံကြမ္မာကို ယုံကြည်မှုပျောက်အောင် မလုပ်ဖို့ တောင်းဆိုပါတယ် လှိုင်းခတ်သံ ဘဝမွာ ကံြကမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယွုံကည်လာတာမို့လို့ ကွံကမ်မာကို ယွုံ...