Episode 40

566 33 0
                                    

စိုင်းမှာ ဖုန်းသုံးနေရင်း မိုးဦးကြွေတင်ထားသည့်ပုံများကို သာမန်ကာလျှံကာဖြင့် ကြည့်ပြီး အသည်းပုံ emoji ပေးလိုက်သည်။

ထို့နောက် သူ အခြားတင်ထားသည်များကို ကြည့်လိုက်ရင်း လက်က အပေါ်ကို ပြန်ဆွဲမိသွားသည်။ သူ မိုးဦးကြွေ တင်ထားသည့်ပုံကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်ရင်း စက္ကန့်ပေါင်းများစွာ ကြာသွားသည်။ ကြည့်မိနေရင်း လက်ကလည်း သတိမထားမိစွာပင် စာရိုက်လိုက်မိသည်။

သူ သတိပြန်ဝင်လာချိန်တွင် မိုးဦးကြွေက သူ့ကို စာပြန်ထားနှင့်ပြီလေ။ သူလည်း 'ဪ' တစ်လုံးသာ ပြန်ပို့လိုက်ပြီး ဖုန်းကို ပိတ်လိုက်တော့သည်။ 

လှိုင်းခတ်သံနှင့် ပတ်သတ်လျှင် သူ့ခံစားချက်များက ရှုပ်ထွေးလှသည်။ အကယ်၍သာ လှိုင်းခတ်သံက ထိုကိစ္စကို ပြန်တောင်းပန်ပြီး သူငယ်ချင်းအဖြစ်ဆက်ရှိချင်သေးတယ်ဆိုရင်တော့ သူ လက်ခံဖို့ လိုလိုလားလား ရှိပါသည်။

သုံးနှစ်နီးပါးလောက် ပေါင်းလာသော ဆက်ဆံရေးက‌လည်း ညီအစ်ကိုများထက်ပင် ကောင်းမွန်တာကြောင်း စိုင်းမှာ လှိုင်းခတ်သံကို နှမြောမိပါသည်။ သူ သက်ပြင်းအသာ ချလိုက်ရင်း ကားထဲမှ ထွက်လာလိုက်သည်။ နောက်နာရီဝက်ဆို ခွဲခန်းဝင်ရတော့မည်။

***********

လှိုင်းခတ်သံမှာတော့ ကားနောက်ခုံတွင် ထိုင်နေရင်း ဂနာမငြိမ်ဖြစ်နေမိတော့သည်။ ကားမောင်းနေသည့် ရောင်မင်းခန့်ပင် သူ့ကို မေးလာသည်အထိပင်။

"မင်းဟာက ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူးကွာ"
လှိုင်းခတ်သံ ကားပြတင်းမှန်ကို စိတ်ရှုပ်‌ထွေးစွာ ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"အေးပါ... ဒါနဲ့ မေးရဦးမယ်ကွာ မင်းနဲ့ စိုင်းက ဘာဖြစ်ထားကြတာလဲ"

ထိုမေးခွန်းကြောင့် လှိုင်းခတ်သံ အနည်းငယ် တိတ်ဆိတ်သွားသည်။ အစကတည်းက သူနဲ့ စိုင်းကိစ္စကို မိုးဦးကြွေက သိသော်လည်း ရောင်မင်းခန့်က မသိပေ။ လှိုင်းခတ်သံကိုယ်တိုင်က မိုးဦးကြွေကို အထူးတလည်ပြောပြ‌ထားခြင်းမဟုတ်သော်လည်း မိုးဦးကြွေက ရိပ်မိနေခြင်းပင်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now