𝐒𝐄𝐕𝐄𝐍 8

3.4K 210 5
                                    

Unicode......

"ငါ့ကိုမထိနဲ့"

လက်လှမ်းယုံသာရှိသေးသည့် ဂျောင်ကုလက်တစ်ဖက်သည်လေထဲမှာတွင်ရပ်တန့်လို့သွားကာ။

"Babyကိုယ်"

"မခေါ်နဲ့ "

မျက်လုံးစိမ်းဖြင့်ကြည့်ကာ အထိမခံသည့်Babyကြောင့် ဂျောင်ကုမနေသာတော့ မနက်ကြခုလိုဖြစ်မယ်ဆိုတာသိပေမယ့် တကယ်တမ်းကြ Babyရဲ့အခုလိုအကြည့်နဲ့အပြောတွေကိုဂျောင်ကုခံနိုင်ရည်ခြင်းမရှိသေး။

"ငါ့နာမည်က ကင်မ်ထယ်ယောင်း Babyမဟုတ်ဘူး မင်းကိုဘယ်သူကBabyလို့ခေါ်ခိုင်းလဲ လျှာရိုးမရှိတိုင်းငါ့ကိုအဲ့လိုလာမခေါ်နဲ့ မကြိုက်ဘူး အဓိကကအဲ့နာမ်စားကိုမင်းပါးစပ်ကခေါ်လို့ကိုမကြိုက်တာ နားလည်လားလူရမ်းကားကောင်!"

ထယ်ယောင်းနာကျင်မူနှင့်ရင်ထဲစို့နင့်လာသည့် ခံစားချက်တို့ကအထိန်းချုပ်မဲ့စွာ အရှေ့မှလူရမ်းကားအားတစ်စက်ကလေးမှမမြင်ချင်တော့။

"ထွက်သွား!!!!ငါ့အရှေ့ကအခုထွက်သွားလို့!!!"

ထယ်ယောင်းအနောက်မှခေါင်းအုန်းကိုယူကာ လူရမ်းကားအားရိုက်နှက်မိတော့သည်။

"ထွက်သွား!!ထွက်သွားလို့!!!"

ရိုက်နှက်နေသည့်ကြားက သူ့အားကြည့်နေသည့်မျက်ဝန်းတွေကိုထယ်ယောင်းသဘောမကျပါ ထိုအကြည့်တွေကသူ့အားအသနားခံနေသလို။

ဟင့်အင်း မသနားဘူး မင်းကိုငါမသနားဘူးလူရမ်းကားကောင်၊

ခေါင်းအုန်းကိုင်၍ထုရိုက်နေသည့် သူ့လက်ကိုဖမ်းဆုတ်ကိုင်လာတာမို့။

"မင်း!လွှတ်! ငါ့လက်ကိုအခုလွှတ်နော်"

"ကိုယ်ထွက်သွားပေးမယ်"

ထိုစကားကြောင့် ထယ်ယောင်းသူ့လက်ကောက်ဝတ်အားကိုင်ထားသည့်လက်ထဲမှရုန်းကန်မူ့မပြုတော့ပဲ ငြိမ်နေမိဝောာ့။

"ယောင်းအရှေ့ကထွက်သွားပေးမယ် ဒါပေမယ့်ယောင်းဆိုလိုသလို ကိုယ်ကအပြီးပိုင်ထွက်သွားပေးမှာမဟုတ်ဘူး ခဏပဲ ယောင်းစိတ်ငြိမ်ဖို့ခဏပဲထွက်သွားပေးမှာ"

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now