𝐒𝐄𝐕𝐄𝐍 17

2.3K 181 10
                                    

Unicode.......

အိပ်ယာထထဲကနောက်ကြည့်ကြည့်ဖြစ်နေတဲ့ခေါင်းကြောင့် စားပွဲခုံပေါ်လက်ထောက်ကာ နားထင်ကျောအားနှိပ်နယ်နေမိရင်း။

"သူဌေးရှယ်ယာရှင်တွေလူစုံနေပါပြီ"

"အခုလာခဲ့မယ်လို့ပြောထားလိုက်ပါ"

သူပြောလိုက်ပေမယ့် ရုံးခန်းအပြင်သို့ထွက်မသွားသေးသည့်ဒယ်ဒီလူယုံကြောင့် ဂျောင်ကုလှည့်ကြည့်မိရင်း။

"ပြောစရာကျန်သေးလို့လား"

"မဟုတ်ပါဘူးသူဌေး သူဌေးကြည့်ရတာခေါင်းမူးနေတဲ့ပုံစံမို့ ကျွန်တော်သံပုရာရည်ဖျော်ပေးရမလား"

"ခေါင်းနည်းနည်းမူးနေယုံပါ ဘာမှမဖြစ်ပါဘူး ရှယ်ယာရှင်တွေကိုသာပြောထားပေးပါ"

"ဟုတ်ကဲ့ပါသူဌေး"

အခန်းထဲကအပြေးတစ်ပိုင်းထွက်သွားသည့် အမျိုးသားကိုကြည့်ပြီး ဂျောင်ကုခေါင်းခါလိုက်မိ၏၊ အင်္ကျီကိုသေချာသပ်၍နက်ကတိုင်ကိုလဲရွဲ့နေမှာဆိုးတာကြောင့်တည့်လိုက်ရင်း အတွေးထဲဆိုးမိုးလာတဲ့အမျိုးသားလေးကြောင့် ဂျောင်ကုနှစ်ချိုက်စွာပြုံးလိုက်မိတော့သည်။

ဖုန်းလာသည်ကိုကိုင်လိုက်ပြီးတာနဲ့Computerနဲ့စာရင်းဖိုင်ကိုပါတစ်ခါတည်းယူလာပြီး ရှယ်ယာရှင်‌တွေတွေ့ဆုံကြသည့်
အစည်းအဝေးခန်းထဲကိုသာ‌ ဂျောင်ကုလျှောက်လာလိုက်တော့သည်၊

အခန်းတံခါးဖွင့်လိုက်တာနဲ့ အထဲကအမျိုးသားအမျိုးသမီးရှယ်ယာရှင်တွေက သူ့ကိုအံဩတသကြည့်လာကြပြီး ပါးစပ်တွင်လဲသူတို့အခြင်းခြင်း တစ်တွတ်တွတ်ပြောနေကြသည်ကို ဂျောင်ကုမြင်တာကြောင့် နူတ်ခမ်းတွင်မဲ့ပြုံးတစ်ချက်ဆင်မြန်းကာ စားပွဲထပ်ဆုံးခုံတွင်ဝင်ထိုင်လိုက်၏။

"ကြိုတင်ချိန်းမထားပဲ ရှယ်ယာရှင်တွေကိုအကြောင်းကြားခေါ်လိုက်ရတာ စိတ်မရှိပါနဲ့၊ ကျွန်တော်ဒီလိုသာမခေါ်ပဲနေလိုက်ရင် ရှယ်ယာရှင်တွေတွက် ဆုံးရူံးစရာငွေအမောက်များသွားမှာ‌ဆိုးရိမ်ရလို့ပါ"

သူ့ရဲ့စကားကြောင့် တစ်ဦးနှင့်တစ်ဦးခေါင်းခြင်းဆိုင်ကာ ပြောနေကြတဲ့စကားများအပေါ် ဂျောင်ကုတစ်ဖက်သို့သာလှည့်၍ ခနဲ့ပြုံး ပြုံးလိုက်မိတော့သည်၊ အတွတ်တွတ်လုပ်ယုံပဲတတ်တာ တကယ်တမ်းဂန်မင်ယောင်းခိုးထုတ်နေကြတာကိုတော့ ဆိုးလ်မှာနေနေကြပြီး ဘာမှသိကြတာမဟုတ်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now