𝐒𝐄𝐕𝐄𝐍 38

2.1K 145 36
                                    

Unicode.....

2နှစ်ကျော်ခန့်ကြာပြီးနောက်.........

--------------------------------------------------------------

"ကိုကို့အပိုင်..."

"သားအပိုင်ပါဆို..."

"မဟုတ်ဘူး ပါးပါးကကိုကို့အပိုင်"

"ဟွန့်အွန်း ပါးပါးကကုကုအပိုင်"

ထယ်ယောင်းမွေ့ယာထပ်၌ထိုင်၍ သူ့ဘေးတစ်ဖက်တွင်ထိုင်ကာသူ့အားလုယက်နေသည့် သားနှစ်ယောက်ကိုကြည့်ရင်းပြုံးနေမိတော့သည်၊
လုရင်းလုရင်းမနိုင်တော့သည့်အခါ မျက်ဝန်းထပ်မျက်ရည်လေးတွေရစ်ဝိုင်း၍ အလုပ်လုပ်နေရှာသည့်မောင့်၏ခုံဘက်ကိုပြေးသွားလိုက်ပြီး မောင့်လက်မောင်းကို လက်ကလေးနှစ်ဖက်ဖြင့်လူပ်ရမ်း၍။

"ဒယ်ဒီ.ဒယ်ဒီ ပါးပါးကကုကုအပိုင်‌နော်"

ထိုအခါတွင်တော့အလုပ်လုပ်နေရင်းမောင်က သားငယ်ဘက်သို့လှည့်ကြည့်လို့လာတာမို့ မွေ့ယာထပ်ကသူ့ဒယ်ဒီဖြေမယ့်စကားကိုနားစွန့်နေသည့်ထယ်ထယ်ဟာ မောင်ကသူ့အနားသို့လှမ်းခေါ်လိုက်တာနဲ့ မွေ့ယာထပ်မှပြေးဆင်း၍မောင့်အနားသို့မတ်တပ်သွားရပ်၏။

"ထယ်ထယ်ရောကုကုရောအပိုင်မဟုတ်ဘူး ပါးပါးကဒယ်ဒီရဲ့အပိုင်ဟုတ်ပြီလား"

"ဟုတ်...."

"ဟုတ်...."

မောင့်အပြောကြောင့်သားနှစ်ယောက်လုံးကသူ့ကိုလှည့်၍ကြည့်လာပြီး ဟုတ်ဟု၍ပြိုင်တူဖြေကြလေသည်၊ ထိုသည်ကြောင့်မောင့်အားကလေးတွေကိုဘာတွေပြောနေတာလဲဟု၍အကြည့်တို့ဖြင့်ကြည့်ပေးလိုက်ရင်း။

"ကဲကလေးတွေအိပ်ချိန်ရောက်ပြီနော်."

"ဒယ်ဒီ ကြည့်ကြည့်..."

မောင့်လက်‌နှစ်ဖက်ကိုတစ်ယောက်တစ်ဖက်ဆီဆွဲကိုင်၍ မောင့်ကိုအလုပ်ခုံမှထစေတာမို့ မောင့်ဟာသားတို့အကြိုက်အလိုက်သင့်လေးမတ်တပ်ထရပ်ပေးကာ သားတို့ဆွဲခေါ်ရာမွေ့ယာထပ်သို့လိုက်ပါလာရတော့၏၊ထိုသည်ကြောင့် မွေ့ယာတစ်ဖက်သို့အလိုက်တသိထယ်ယောင်းတစ်ဖက်သို့တိုးပေးလိုက်မိတော့၊ မောင့်ကိုမွေ့ယာထပ်သို့ လှဲစေပြီးမောင့်ရင်အုံပေါ်တစ်ယောက်တစ်ဖက်မျက်နှာအပ်ကာ နှစ်ယောက်လုံးရဲ့ခြေထောက်လေးတွေဟာလဲမောင့်ကိုယ်ပေါ်ပြစ်တင်၍နေရာတကျဝင်ယူသည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now