𝐒𝐄𝐕𝐄𝐍 21

2.4K 189 15
                                    

Unicode........

"ထယ်ယောင်းနဲ့အဲ့လူကဘယ်လိုပတ်သတ်လဲဆိုတာမသိပေမယ့် အကိုကတော့ထယ်ယောင်းအဲ့လူနဲ့ဆက်မပတ်သတ်တာတော့ကောင်းမယ်ထင်တယ်"

‌သူ့ဘေးတွင်ဝင်ထိုင်၍ပြောလာသည့်အကိုဆိုးဂျွန်စကားကြောင့် ကာထားသည့်မှန်တွေကိုငေးကြည့်နေရင်းမှ။

"သူကလူဆိုးမဟုတ်ပါဘူး"

ဘာကြောင့်မှန်းမသိပေမယ့် သူ့ကိုတစ်ခြားလူကဝေဖန်တာမျိုးကိုတော့ ထယ်ယောင်းသဘောမကျ။

"အကိုကထယ်ယောင်းတွက်ဆိုးရိမ်လို့ပြောတာပါ"

ထိုအခါမှ အပြင်သို့ငေးကြည့်နေရင်းမှ ထယ်ယောင်းအကိုဆိုးဂျွန်ဘက်သို့လှည့်ကြည့်မိကာ။

"ကျွန်တော်နားလည်ပါတယ် အကိုဆိုးဂျွန် ဒါပေမယ့် သူကလူဆိုး မကောင်းတဲ့လူမျိုးတော့မဟုတ်ပါဘူး"

"ထယ်ယောင်းတွက်အဆင်ပြေရင်လဲပြီးတာပါပဲအကိုမပြောတော့ပါဘူး"

ထယ်ယောင်းဆိုးဂျွန်အားမတက်သာသည့်အပြုံးဖြင့် ပြုံးပြကာ ထိုင်နေရာမှထလိုက်ရင်း။

"ဧည့်သည်တွေရောက်လာပြီ"

ပြောရင်းဆိုရင်းပင် ဆိုင်ထဲသို့ တစ်ဦးပြီးတစ်ဦးဝင်လာတာကြောင့် အလုပ်က‌လဲမအားရတော့သလို သူ့အကြောင်းကိုလဲအချိန်ပြည့်မတွေးဖြစ်တော့ ဒါပေမယ့် ထယ်ယောင်းစိတ်ထဲတွင်လေးလံ၍ပျော်မနေတာတော့အမှန်ဖြစ်သည်။

.

.

.

"သားနေမကောင်းဘူးလား မျက်နှာလေးကနွမ်းဖက်နေတာပဲ"

သူ့ကိုတွေ့တာနဲ့မေမေကအနားရောက်လာကာ စိတ်ပူစွာမေးသည့်အပေါ် ထယ်ယောင်းမေမေကိုစိတ်မပူစေရအောင် ပြုံးပြမိရင်း။

"ဆိုင်မှာလူကြလို့ လူကနည်းနည်းပင်ပန်းနေတာပါမေမေ သားနေကောင်းပါတယ်"

"ဒါဆိုလဲအပေါ်တက်ပြီးရေမိုးချိုးတော့ ဒီမှာမေမေသားအကြိုက်တွေချက်ထားတယ်"

"ဟုတ်မေမေ"

ထယ်ယောင်းမေမေပါးပြင်တစ်ဖက်ခပ်ဖွဖွထိ၍နမ်းလိုက်ပြီးမှ အပေါ်ထပ်ကိုတက်လာလိုက်တော့သည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now