《6》

1.6K 63 0
                                    

ဒဏ်ရာကို ပိုင်ဆေးထည့်ပေးမှလက်ခံမယ်ဟု
ဂျစ်တိုက်သည့်စံမောင့်ကြောင့်သူကြီးအိမ်ထိ အပိုင်လိုက်သွားပြီးဆေးထည့်ပေးလိုက်ရသည်

သူကြီးကတော်ကတော့မိန်းမတို့၏ဝဇီအတိုင်းဗျစ်တောက်ဗျစ်တောက်ပြောတော့တာပေါ့

"နင့်ကိုငါမပြောဘူးလား လူမုန်းများအောင်မနေပါနဲ့ဆိုတာ
အခုကြည့်စမ်းလက်မောင်းကိုဓါးထိလာပြီ နောင်ဆိုလည်ပင်းကိုထိလိမ့်မယ်..."

"အမေကလည်းဗျာ.."

"အမေကလည်းမဗျာနေနဲ့ နင်တင်မဟုတ်ဘူးရွှေမြို့သားပါထိုခိုက်မိတော့မလို့!
ငါလေ! ထုလိုက်ရ"

သူကြီးကတော်ကပြောရင်းဒေါသထွက်လာဟန်နှင့် အကြမ်းရေခွက်ကိုကောက်ကိုင်ကာ
ထုရန်ပြင်သည်

"ပိုင်ကိုမထိခိုက်လို့ပေါ့ ထိသာထိကြည့်အဲ့ကောင်တင်အောင်နေရာမှာတင်ပွဲချင်းပြီးတယ်.."

"ကြည့်စမ်း! ကြည့်စမ်း ဒီလောက်ဆုံးမနေတာတောင် အချိုးကမပြေဘူး"

မိမိအားအလယ်မှာထားကာအချေအတင်ဖြစ်နေကြသည့်သားအမိနှစ်ယောက်ကြောင့်
အပိုင်မှာသက်ပြင်းချလိုက်မိသည်
နားတွေပူလွန်းလို့ဒီနေရာမှာဆက်လည်းမနေနိုင်တော့ပေ...
ဒါကြောင့်ဆေးလူးတာကိုအမြန်လက်စသတ်လိုက်သည်

"ကဲ ဆေးလူးပြီးပြီ ငါပြန်တော့မယ်..."

"မောင်လိုက်ပို့ပေးမယ်လေ ..."

"ဒီမှာအေးဆေးနေရစ်စမ်းပါ
သိန်းထင်းတို့ဝိုင်းဘာဝေးတာမှတ်လို့ ကိုယ့်ဘာသာသွားနိုင်တယ်...."

"ဒါပေမဲ့..."

စံမောင်အထွန့်တက်ချင်သေးသော်လည်းအကြည့်စူးစူးကြောင့်ပါးစပ်ပိတ်လိုက်ရသည်
သူကြီးကတော်ဒေါ်မယ်တင့်မှာ အကြည့်တစ်ချက်နဲ့တင်ငြိမ်ကုပ်သွားသည့်သားဖြစ်သူကိုကြည့်ပြီး
ဟက်ဟက်ပက်ပက်ရယ်လိုက်တော့သည်

"အမေ့ ကျုပ်ကိုလှောင်တာလား"

"ဟားဟား အကြည့်တစ်ချက်နဲ့တင်ငြိမ်ကုပ်သွားတယ်တဲ့ ဟားဟား"

"ကျုပ်သူ့ကိုချစ်လို့လေ အဲ့တော့အမေသူ့ကိုလိုက်တောင်ပေး ..."

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now