《Final 》

1.9K 40 1
                                    

သူကြီးဦးစံခိုမှာဘိုးထင်ကိုစစ်မေးပြီးနောက် မြို့ဂတ်ကိုဖမ်းဆီးခေါ်ဆောင်သွားသည်
တစ်ခါထဲရွှေတွေကိုထုခွဲရောင်းချလာမည်ဟုလည်းအသိပေးသွားသည်
ဒေါ်မယ်တင့်နဲ့အပိုင်ကတော့စံမောင့်ကိုပြုစုဖို့ကျန်ရစ်ခဲ့သည်

"အရီး ကလေးကိုခပ်ဝေးမှာသွားထိန်းလိုက်ဦးမယ်သားပိုင်...
မဟုတ်ရင်စံမောင်အေနှာက်အယှက်ဖြစ်လိမ့်မယ်..."

"ဟုတ်အရီး...."

အရီးကကလေးချီပြီးတဘက်တစ်ထည်ခေါင်းပေါ်တင်ကာရွာထဲထွက်သွားလေသည်
အပိုင်ဟာလည်းရေဆာသလိုဖြစ်လာတာကြောင့်ရေသောက်ရန်အခန်းပြင်ထွက်လာလိုက်သည်

"ကျွတ်! ကျွတ်ခေါင်းမူးလိုက်တာ"
အပိုင်ထွက်သွားပြီးသိပ်မကြာခင်မှာ
စံမောင်ဟာမူးနောက်နေတဲ့ခေါင်းကိုဖိကိုင်ကာထထိုင်သည်

အခုဖြစ်ရပ်များစွာကိုသူပြန်သတိရလာပြီဖြစ်သည်
ဆိုးခဲ့မိုက်ခဲ့တာတွေ အပိုင်ကိုအတင်းအကြပ်လပ်ထပ်ယူခဲ့တာတွေတစ်ခုမကျန်သတိရနေပြီ
ပြီးတော့နောင်တလည်းအရမ်းရနေပြီ
သူရဲ့ဆိုးပြစ် မိုက်ပြစ်တွေကြောင့်အပိုင်အသက်ဆုံးလုနီးဖြစ်ခဲ့ရတယ်မဟုတ်ပေဘူးလား

"အမောင်နိုးလာပြီလား..."
ထထိုင်နေတဲ့စံမောင့်ကိုမြင်တာနဲ့အနားကို
အပိုင်ခပ်သွက်သွက်လျှောက်သွားလိုက်သည်

"အင်းမောင်နိုးလာပြီ..."

အသုံးအနှုန်းပြောင်းသွားတဲ့စံမောင်ကြောင့် အပိုင်ဝမ်းသာအားရပြုံးလိုက်သည်
"မောင်...မောင်"လို့ပြန်သုံးပြီဆိုတော့ စံမောင်အတိတ်ကိုသတိပြန်ရလာပြီဟုဆိုလိုတာမဟုတ်ဘူးလား

"အမောင်...မင်း ! မင်းအတိတ်ကိုသတိပြန်ရလာပြီပေါ့..."

"အင်းမောင်သတိရလာပြီ"

"အဟင့်! တောင်း....တောင်းပန်ပါတယ် ငါ့ကြောင့်မင်းဒီလိုဖြစ်ရတာ"

အပိုင် စံမောင့်ကိုဖက်လိုက်ပြီး စတင်ငိုကြွေးတော့သည်
စံမောင်မှာ အပိုင်မျက်ရည်ကြောင့်ခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်တော့သည်

"ပိုင်...ဘာဖြစ်တာလဲ
ဘာဖြစ်လို့ငိုနေရတာလဲ..."

"ငါ့! ငါ့ကြောင့်မင်းထိခိုက်မိတာကိုဝမ်းနည်းလို့ပါ
အဟင့်ငါတောင်းပန်ပါတယ်...."

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now