ခြေထောက်ငုတ်စူးမိတဲ့ဒဏ်ရာကနက်တယ်ဆိုပေမဲ့ဖျားနာတာမျိုးတော့မရှိ
ဒါကြောင့်ထော့နင်းထော့နင်းနဲ့အရီးတို့လိုအပ်တာတွေကိုကူလုပ်ပေးလိုက်သည်
သူများအိမ်မှာနေပြီးအလကားစားသောက်နေတာမသင့်တော်ဘူးလေ"အပိုင်....."
ဝိုင်းဝကခေါ်သံကြောင့်လှမ်းကဲကြည့်လိုက်တော့ မားမားကြီးရပ်နေတာကဟန်သာ
သူအံတင်းတင်းကြိတ်ပြီး အထဲဝင်ဖို့စကားမစတော့ အရီးကပဲအားနာပါးနာနဲ့အထဲဝင်ခိုင်းလိုက်တော့သည်"ဆရာတော်တူမလား ဝင်ခဲ့လေကွယ်"
ဟန်သာကခပ်သွက်သွက်ဝိုင်းထဲဝင်းလာတယ်
စံမောင်ထိုးကြိတ်ထားတဲ့ဒဏ်ရာတွေကကြည့်မပျော်ရှုမပျော်ဖြစ်လောက်တဲ့ထိမကျန်တော့ပေမဲ့
ညိုမည်းဆွဲနေသေးသည်အရီးကပြာလက်စဆန်ဇကောကိုချလိုက်ပြီး
ရေနွေးကြမ်းငှဲ့လိုက်သည်"အကြမ်းရေလေးသောက်....ထန်းလျက်လေးစား"
"ဟုတ်ကဲ့"
နှီးဖြာနေတဲ့သိန်းထင်ကဟန်သာကိုမကြည့်ကြည့်နဲ့ကြည့်နေတယ်
သူလုံးဝဒီကောင်ကိုကြည့်မရဘူး
ခွေးကျင့်ခွေးကြံနဲ့သူ့သူငယ်ချင်းကိုနာကျင်စေခဲ့တဲ့သူလေအပိုင်တော့စကားမပြောလို၍ ထော့နင်းထော့နင်းနဲ့အိမ်ထဲဝင်ဖို့ပြင်လိုက်စဥ်
"အပိုင်..." ဟုဟန်သာကထပ်ခေါ်သည်
အပိုင်မျက်နှာကိုတည်နိုင်သမျှတည်ထားပြီး ပြန်လှည့်လိုက်တော့သည်
ဟန်သာကဧည့်သည်တစ်ဦးဖြစ်နေတာမို့လျစ်လျူရှာတာဟာအရမ်းရိုင်းတဲ့အပြုအမူလေ
"ဘာကိစ္စလဲ""မင်းထိခိုက်ထားတယ်ဆိုလို့လာကြည့်တာ အဆင်ပြေရဲ့လား"
"အင်း..."
"ဒါနဲ့မင်းအမျိုးသားကအရမ်းကိုရိုင်းစိုင်းရမ်းကားတဲ့သူ ဒီလိုလူကိုမင်းလက်တွဲဖော်အဖြစ်ရွေးခဲ့တာလဲ"
အပိုင်အလိုမကျစွာမျက်ခုံးတို့တွန့်ချိုးလိုက်ရင်း
"အမောင်ကဒေါသတကြီးနယ် ရမ်းကားတယ်ဆိုပေမဲ့ တစ်ချို့သောသူတွေလိုအယောင်ဆောင်မျက်နှာဖုံးတပ်ဆင်ထားတာထက်သာပါတယ်.."
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်