《11》

1.4K 53 2
                                    

တဲကနှစ်လုံးထိုးထားတာဖြစ်သည်
တစ်လုံးမှာအရီးတို့လင်မယားကအိပ်ပြီးအပိုင်တို့သုံးယောက်ကတဲတစ်လုံးမှာအိပ်မည်ပေါ့
အခုတော့ သိန်းထင်ကကစားဝိုင်းတွေဘက်ရောက်နေပြီး
စံမောင်ကတော့တဲဆီပြန်မလာတာမို့သူတစ်ယောက်တည်းဖြစ်နေသည်

လူဆိုတဲ့အမျိုးဟာတစ်ယောက်ထဲရှိချိန်အတွေးနယ်လွန်တတ်တာမို့
အပိုင်ဟာလည်းသဘာဝအတိုင်းဟိုတွေးဒီတွေးပေါ့
သူအများဆုံးတွေးမိတာတော့ စံမောင်အကြောင်းပင်

ဒီလူကသူ့အပေါ်အလွန်ရှုးသွပ်မှန်းသိသည်
ဒါပေမဲ့သူမိုက်ရူးရဲဆန်ပြီးဒီလူကိုမရွေးဝံ့ပေ
သူ့မိသားစုလိုဖာရာဗလဗွနဲ့အိမ်ထောင်စုဖြစ်မှာမလိုလားဘူး

"ပိုင်....မောင်ရဲ့ပိုင်"

ဝူးဝူးဝါးဝါးနဲ့တဲပေါ်တက်လာသည့်စံမောင်ကြောင့် အပိုင်ဆတ်ကနဲထထိုင်လိုက်သည်
ဘယ်လောက်တောင်သောက်လာမှန်းမသိ
မွှန်ထူနေသည့်အရက်နံ့ကြောင့်အပိုင်နှာခေါင်းရှုံ့မိတယ်
ဒီလိုပုံမျိုးနဲ့သူ့အချစ်ကိုလိုချင်သေးတယ် အံ့သြပါ့

"ပိုင်! မောင့်အချစ်ရေ.."

ခြေနင်းဘတ်မှာတင်ပက်လက်ကြီးလှဲပြီးအော်နေသည့်စံမောင့်ကြောင့်ခပ်သွက်သွက်ရွေ့သွားပြီး
လက်မောင်းကိုနာနာလေးရိုက်ပစ်လိုက်သည်

"စံမောင်! စံမောင် ထခေါင်းရင်းတိုးပြီးအိပ်"

"ဟင် ...ပိုင်လား"

"အေးဟုတ်တယ် အခုခေါင်းရင်းဘက်ကိုရွှေ့အိပ် ခြေရင်းဘက်မှာမအိပ်နဲ့"

သူပြောတော့ဒယီးဒယိုင်ထရပ်ကာခေါင်းရင်းကိုရွှေ့တယ်
အမူးလွန်နေတော့လဲကျမလိုဖြစ်ပြီးအပိုင်မှာလှမ်းထိန်းလိုက်ရသည်
သို့သော်စံမောင်ကိုယ်လုံးကြီးကိုဘယ်လိုမှမထိန်းနိုင်ဘဲသူပါလဲကျသွားတယ်

မူးနေတဲ့အမူးသမားကအခွင့်အရေးကိုလက်လွှတ်မခံဘဲ
ချက်ချင်းအပိုင့်ကိုယ်လုံးလေးအားဖျစ်ညှစ်လာ​တယ်

"စံမောင်! ငါ့ကိုလွှတ်"

"ဟင့်အင်းမလွှတ်ဘူး.... မောင့်အချစ်ကိုလက်ခံပေးပါပိုင်ရယ်"

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now