အပိုင်း တစ်

2.8K 188 2
                                    

စူးရှတဲ့ နာကျင်မှုတစ်ရပ်ကြောင့် သူ့စိတ်တွေလှုပ်နှိုးခံလိုက်ရသလို နိုးကြားလာခဲ့တယ်။
မျက်လုံးကိုဖွင့်လိုက်ချင်ပေမယ့် မရဲခဲ့ဘူး။ ဒီဒုက္ခက မလွတ်မြောက်နိုင်သေးဘူးလား။ သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါတော့။

"သခင်လေးယွန်းက ဆေးရုံဆို ကြောက်တတ်တဲ့စိတ်က မပျောက်သေးဘူးကိုး။ မျက်လုံးလေးတော့ဖွင့်ပါအုံး..."

ဟင်....ဘယ်သူလဲ။ သခင်လေးယွန်းဆိုတဲ့ ခေါ်သံကို မကြားရတော့တာ ဘယ်လောက်ကြာပြီလဲ။ အားတင်းပြီး မျက်လုံးဖွင့်ကြည့်မိတော့.....

ဖြူဖွေးနေတဲ့ မျက်နှာကြက်ရယ် ဘေးကိုကြည့်မိတော့ သူနာပြုတွေ၊ ဆရာဝန်တွေရယ် ပစ္စည်းကိရိယာအစုံအလင်နဲ့ အဆင့်မြင့်ဆေးရုံခန်းတစ်ခု။

ဘာတွေလဲ။ ဘယ်လိုဖြစ်ပြီး သူက ဒီရောက်နေတာလဲ။

"မျိုးရိုးဗီဇ‌စစ်ဆေးတာက ကြာရှည်တဲ့ စစ်ဆေးမှုမဟုတ်လို့ သခင်လေးမစိုးရိမ်ပါနဲ့။ သခင်လေးကသာ လိမ်လိမ်မာမာ ပူးပေါင်းပေးရင် ခဏလေးပြီးသွားမှာပါ..."

မျိုးရိုးဗီဇစစ်ဆေးမှု။ ဒါလွန်ခဲ့တဲ့ ဆယ်နှစ်ကမဟုတ်ဘူးလား။ သူကအခုချိန်မှာ တိုက်ခန်းကျဉ်းလေးထဲ အသည်းခိုက်တဲ့နာကျင်မှုကို ခံစားရင် သေဆုံးသွားပြီမဟုတ်ဘူးလား။ ဘယ်လိုလုပ်ဒီအချိန်ကိုပြန်ရောက်လာတာလဲ။

သူပြန်မွေးဖွားလာတာများလား....။

နောက်ဆုံးတော့ လောကကြီးက သူ့ကို အမှားပြင်ဆင်ဖို့ အခွင့်အရေးပေးခဲ့ပြီပဲ။

အရင်တုန်းက သူ့ကိုယ်သူ Alphaတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ထင်ခဲ့တာ။ မျိုးရိုးဗီဇစစ်ဆေးမှုပြီးတာနဲ့ သူ့မိဘတွေချန်ခဲ့တဲ့ လုပ်ငန်းတွေကို ဦးစီးဖို့စီစဉ်ထားခဲ့တာ။

မိဘတွေ ဆုံးသွားပြီးတဲ့နောက်မှာ အရွယ်မရောက်သေးတဲ့ သူနဲ့ သူ့အမွေတွေကို ဦးလေးမိသားစုက ထိန်းသိမ်းပေးခဲ့တယ်။ ကုမ္ဗဏီက ဦးလေးရဲ့လက်အောက်မှာ အတော်လေးအဆင်ပြေခဲ့တာမို့ သူအရွယ်ရောက်လာတဲ့အချိန်မှာ သူ့ကိုကျွေးမွေးပြုစုခဲ့တဲ့ ဦးလေးနဲ့ မိသားစုကို ကျေးဇူးဆပ်ချင်တဲ့စိတ်နဲ့ လုပ်ငန်းတွေကို သင်ယူချင်ခဲ့တာ။ သန်မာတဲ့ Alphaတစ်ယောက်အဖြစ်နဲ့ မိသားစုလုပ်ငန်းတွေကို ဦးစီးပြီး ဦးလေးနဲ့အဒေါ်ကို အပူအပင်မရှိဘဲ ကောင်းကောင်းမွန်မွန် အနားယူစေချင်ခဲ့တာ။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now