အပိုင်း နှစ်ဆယ့်တစ်

1.4K 134 6
                                    

ယွန်းဂျောင်ဟန် ဒီနေ့ စိတ်မကြည်ပါ။ ဘာဖြစ်လို့လဲဆို မနက်မိုးလင်းကတည်းက သူအိပ်ယာမနိုးသေးခင် အစောကြီးထွက်သွားတဲ့ သူကြောင့်ပေါ့။

ဟွန့် နည်းနည်းပါးပါးတော့ နှုတ်ဆက်ခဲ့ပါအုံးလားလို့။ မနက်တိုင်း အတူတူမနက်စာစားလာရတော့ ဒီမနက်အတူတူစားရတာ ဟာတာတာကြီး။

မပျော်ဘူး....ပျော်နေတဲ့သူတွေကိုလည်း မနာလိုဘူး။

ဘေးမှာ idolတွေအကြောင်းပြောပြီး တဟီးဟီးရယ်နေတဲ့ မီဆိုးလ်ကို ‌မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ခန်းလုံးကလည်း ဘာလို့ စကားပြောပြီး ရယ်နေကြတာလဲ။ စာလေးဘာလေး လုပ်ကြပါလား။ တစ်ခန်းလုံးကို ကြည့်မရတော့ဘူး။

"ဟေးး ညကျရင် ငါ့မွေးနေ့ X barမှာ လုပ်မှာ လာခဲ့ကြပါလား..."

ယွန်းဂျောင်ဟန် အသံကြားလို့ ကြည့်လိုက်တော့ အတန်းထဲက စော်ကြည်ဘဲလို့ပြောရမလား အိုမီဂါကြည်တဲ့အယ်လ်ဖာလို့ ပြောရမလား သူနဲ့ စကားမပြောဖူးတဲ့သူကို တွေ့လိုက်ရတယ်။

ဘေးက မီဆိုးလ်က "အော ဆောဂျင်နား....ဒီနေ့ မွေးနေ့လား..."

"ဟုတ်တယ်....ညကျ ပါတီလုပ်မှာ တစ်ခန်းလုံးဖိတ်ထားတယ်...နင်တို့ပါ လာခဲ့လေ...အော် ယွန်းဂျောင်ဟန်လည်း လိုက်ခဲ့ပါလား..."

ဂျောင်ဟန် ပုံမှန်ဆို ငြင်းလိုက်မှာပေမယ့် သူ့ကို ပစ်သွားလို့ ဟိုလူနဲ့ စောစောမတွေ့ချင်လို့ အိမ်မပြန်ချင်ဘူး။

"ကောင်းပြီလေ....သွားတာပေါ့"

ဆောဂျင်ဆိုတဲ့တစ်ယောက်ကတော့ ခေါင်းညိမ့်ပြီး သူ့နေရာသူပြန်သွားတယ်။ မီဆိုးလ်က အံ့ဩနေပြီး ဂျောင်ဟန်ကို မေးလာတယ်။

"ငါက နင်ငြင်းမယ်ထင်နေတာလေ....နင် ဘားတွေသွားနေကြလည်း မဟုတ်ဘူးမလား"

"စိတ်ပြေလက်ပျောက် တစ်ခါလောက်သွားကြတာပေါ့....ငါတို့ပိုက်ဆံကုန်မှာမှ မဟုတ်ဘဲ"

"နင် အဆင်ပြေရင်ပြီးတာပဲ"

___________________

ယွန်းဂျောင်ဟန် မီးရောင်စုံနဲ့ သီချင်းသံကြားထဲ ရောက်နေပေမယ့် မျက်လုံးက ဖုန်းကိုပဲကြည့်နေမိတယ် မနက်မိုးလင်းထဲက ထွက်သွားပြီး ခုထိ မက်ဆေ့ခ်ျလေးတောင် ပို့မလားဘူးနော်။ လူဆိုးပဲ ကိုကိုက....။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now