"ယွန်းဆူယော့....မင်းဘာတွေလုပ်နေတာလဲ...အခုထိ ပရောဂျက်က မစရသေးဘူးဆို....တစ်လလောက်ရှိနေပြီကွ"
ဒေါသထွက်နေတဲ့ ယွန်းဆောင်းဆူရှေ့ ခေါင်းငုံ့ထားရင်း ယွန်းဆူယော့ ပြောစရာမရှိဖြစ်နေတယ်။ ဒီရက်တွေထဲမှာ ပိုက်ဆံများ ပြန်ရမလားလို့ သွားကစားပေမယ့် ပိုပြီးအကြွေးတင်တာပဲ ရှိတယ်။
"ကျွန်တော် ဒီရက်ထဲမှာပဲ စမှာပါ အဖေ...စိတ်ချပါ"
"အေး....ငါမင်းကို စောင့်ကြည့်နေမယ်...ဒါနဲ့ ယွန်းဂျောင်ဟန်ရဲ့ ၁၈နှစ်ပြည့်မွေးနေ့ကနီးလာပြီ....ငါတို့ဘက်က ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားရမယ်...အရင်ကစီစဉ်ထားတဲ့အတိုင်းပဲ...မင်းဘက်က မလစ်ဟင်းရအောင်သာ လုပ်ထား...ကြားလား...သွားတော့"
"ဟုတ်ကဲ့ပါ အဖေ"
ယွန်းဆူယော့ ခေါင်းငုံ့ပြီး ထွက်လာရင်း သူတစ်ခုခုတော့ လုပ်မှ ဖြစ်တော့မယ်။
________________
ယွန်းဆူယော့ ကာစီနိုရှေ့မှာ ကားထိုးရပ်လိုက်တယ်။ သူ ဒီနေ့တော့ ကစားဖို့လာတာမဟုတ်ဘူး။
"မင်္ဂလာပါ လူကြီးမင်း"
"မင်းတို့ ဘော့စ်နဲ့တွေ့ချင်တယ်....ယွန်းဆူယော့လို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့ ခဏစောင့်ပါရှင်"
"ဒီကလူကြီးမင်း....ဒီဘက်ကိုကြွပါ"
ယွန်းဆူယော့ အခန်းထဲဝင်လိုက်တော့ ထိုင်နေတဲ့လူကနှုတ်ဆက်လာတယ်။
"လာဗျာ....သခင်လေးယွန်း....ဘာကူညီရမလဲ"
"သူဌေးဂျောင်....ကျွန်တော်အကူအညီတောင်းချင်တာလေး ရှိလို့...."
"ပြောပါအုံး...."
"အခု သူဌေးဂျောင်ဆီက ပိုက်ဆံယူထားတာတော်တော်များနေပြီဆိုတာ ကျွန်တော်သိပါတယ်....ပြန်ပေးဖို့က ကျွန်တော့်မှာ တော်တော်ခက်နေတယ်....Xပရောဂျက်ကလည်း စရတော့မှာ ကျွန်တော့်မှာ ငွေလိုနေတယ်...."
"အဲ့ဒီတော့ သခင်လေးယွန်းဆိုလိုချင်တာက..."
"ကျွန်တော့်ကို ပရောဂျက်စဖို့ ပိုက်ဆံချေးပေးပါ....ပရောဂျက်ပြီးသွားတာနဲ့ အဲ့က အမြတ်ငွေတွေနဲ့ အကြွေးအကုန်ဆပ်ပါ့မယ်"
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~