အပိုင်း လေး

1.7K 167 2
                                    

တိုးဖျော့ဖျော့ နို့စတော်ဘယ်ရီနံ့လေးကြောင့် ဆွန်းချော မျက်ခုံးပင့်မိသွားတယ်။ အိုမီဂါပဲ။
ဒါပေမယ့် အိုမီဂါဖယ်ရိုမုန်းတွေနဲ့ ဓာတ်မတည့်တဲ့သူ ဘာနာကျင်မှုမှမခံစားရဘူး။ ဒီကောင်လေးက သိပ်ငယ်သေးလို့ ဖယ်ရိုမုန်းအားနည်းသေးလို့များလား။

ဟုတ်ပါတယ်။ စီးပွားရေးလောကရဲ့သားရဲကြီးလို့ တင်စားရတဲ့ ပျိုတိုင်းကြိုက်ချင်တဲ့ နှင်းဆီခိုင်ကြီးရဲ့ ဘယ်သူမှမသိတဲ့ အားနည်းချက်က dominant alphaဖြစ်နေပေမယ့် အိုမီဂါဖယ်ရိုမုန်းတွေနဲ့ မတည့်တာပဲ။ သူ့အနားမှာရှိတဲ့ အတွင်းရေးမှူးကစလို့ အောက်ခြေဝန်ထမ်းအထိ အယ်လ်ဖာနဲ့ ဘီတာတွေချည်း။ပြီးတော့ သူ့အိပ်ရာပေါ်တွယ်တက်လာတဲ့ အိုမီဂါမှန်သမျှရှင်းထုတ်ပစ်ခဲ့တာ။

ဒါပေမယ့် ဒီကောင်လေးက ထူးဆန်းလိုက်တာ။

"ဒီမှာ...ကောင်လေး မင်းအဆင်ပြေရဲ့လား.."

ယွန်းဂျောင်ဟန်တစ်ယောက် အခုမှ သတိဝင်လာပြီး ကမန်းကတန်း ထိုသူ့လက်တွေထဲကရုန်းထွက်လိုက်တယ်။

"ပြေ..ပြေပါတယ်ခင်ဗျ ကျေးဇူးပါ...အာ့"

ပြေပါတယ် ပြောနေပေမယ့် ခြေထောက်ကတော့ ခေါက်သွားတာထင်တယ်။ ချက်ချင်းမတ်တပ်ရပ်လို့မရတော့ ထိုလူ့လက်တွေထဲ ပြန်ရောက်သွားပြန်တာပဲ။

ဆွန်းချောက "မင်းခြေထောက်က ခေါက်သွားတာ ထင်တယ်....လာ ဒီနားထိုင်လိုက် ကိုယ်ကြည့်ပေးမယ်..."

ဂျောင်ဟန် ဘေးနားက ခုံတန်းလေးပေါ် ထိုင်လိုက်ပြီး သူ့ဖိနပ်ကိုချွတ်နေတဲ့ ဆွန်းချောကို အူကြောင်ကြောင်လေး ကြည့်နေမိတယ်။

အယ်လ်ဖာကြီးက သူ့ခြေထောက်ကို ကိုင်လိုက်တာလား။ ဘုရားရေ။

ဆွန်းချောက "ကောင်လေးခြေထောက်က ခေါက်သွားရုံပဲ...‌ခဏစောင့်မလား...ကိုယ့်ကားက ဒီနားမှာပဲရပ်ထားတာ...ဆေးသွားယူပေးမယ်"

ခဏစောင့်မလားလို့သာ မေးနေပေမယ့် ခြေလှမ်းပြင်ပြီးသားဖြစ်နေတဲ့သူ့ကို ကြည့်ရင်း ငြင်းချင်တောင်မှ ငြင်းလို့မရတာ။ ပြီးတော့ ငြင်းလည်းမငြင်းချင်ပါဘူးလေ။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now