Part 12(Zawgyi&Unicode)

8.2K 819 6
                                    

[Zawgyi]

🎼I'd spend 10,000 hours and 10,000 more ... Oh.If that's what it takes to learn that sweet heart of yours ... And I might never get there ... But I'm gonna try ... If it's 10,000 hours or the rest of my life ... I'm gonna you 🎼

ကားပေါ်မှာလဲ 10,000 hours သီချင်းကလဲ ခပ်တိုးတိုး ပျံ့လွင့်နေတယ် ... သွေးခန့် ကားမောင်းရင်း ဘေးက အမူးသမား မင်းမြတ်ကို ခဏခဏ လှည့်ကြည့်နေမိသည်။ ဒီအရက်ဂျိုး .. အဲ ... အဲ ... ထန်းရည်မူးနေတာဆိုတော့ ထန်းရည်ဂျိုးလို့ပြောရမလား ... လူက မူးပြီး ခေါင်းတောင်မထောင်နိုင်တော့တာကို ထပ်သောက်ဦးမယ် လုပ်နေလို့ ဆိုင်ထဲကနေ မနည်းပြန်ဆွဲခေါ်ခဲ့ရတာကို ခုကျတော့ lover seat မှာ အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်နေတာ သူမဟုတ်တဲ့ အတိုင်း ...

သွေးခန့်နဲ့ မင်းမြတ်နဲ့ တွေ့ဆုံခြင်းတွေက မင်းမြတ်အတွက်တော့ သာမန်ဆန်ချင်ရင် ဆန်နေပေမယ့် သွေးခန့်အတွက်ကတော့ အဲ့လိုမဟုတ်ခဲ့ဘူး ... ဒီလူသားသူ့ကို မသိခင်ကတည်းက သွေးခန့်ဘက်က တဖက်သတ် မရေရာခြင်းတွေနဲ့ စတင်နေရတာ ... တကယ်ရေရေရာရာ ဖြစ်သွားတော့လဲ မင်းမြတ်အပေါ်မှာ သူ့ခံစားချက်က တကယ့် အလေးအနက်တွေ ... ကားလှုပ်လို့ အမူးသမားရဲ့ ခေါင်းက သူ့ပုခုံးပေါ်ကျလာတော့လဲ သွေးခန့်မှာ ပြုံးရသေးတယ် ... တကယ်ပါ မူးကွဲနေတာ နေညိုဖို့မပြောနဲ့ နေ့လည်စာစားချိန်ကျော်ရုံပင်ရှိသေး ... အခုချိန် အိမ်ပြန်လို့လဲ ရမှာမဟုတ်တာကြောင့် သွေးခန့် သူ့အိမ်ကိုပဲ ခေါ်လာလိုက်တော့သည်။

ကားပေါ်မှာ ပျံ့လွင့်နေတဲ့ သီချင်းလိုပေါ့ ...

မင်းရဲ့နှလုံးသားနဲ့ မင်းအကြောင်းတွေကို လေ့လာဖို့အတွက်နဲ့ပဲ နာရီပေါင်းများစွာ ကုန်ဆုံးချင်တယ် ...
ရနိုင် မရနိုင် မသေချာပေမယ့် ကြိုးစားကြည့်ချင်သေးတယ်...
နောက်ဆုံအချိန်အထိ မင်းကိုပဲ ချစ်နေချင်တယ် ...

မျှော်လင့်ချက်တွေနဲ့ပေါ့ ... ဘယ်သူက မျှော်လင့်ချက်တွေ ပျက်စီးချင်မှာလဲ ... မျှော်လင့်ချက်တွေ မပျက်စီးအောင် နာရီပေါင်းများစွာ ဖြေးဖြေးချင်း အချိန်ယူကြိုးစားချင်တယ် ...

_______

သွေးခန့် အိမ်ရောက်တော့ မူးနေတဲ့ မင်းမြတ်ကိုကားပေါ်ကနေ ချပြီး သူ့အခန်းထဲကိုပဲ ချီခေါ်လာခဲ့တော့တယ် ... သွေးခန့်တို့ အိမ်က နှစ်ထပ်ဖြစ်နေပေမယ့် အခန်းက အောက်ထပ်မှာ မလို့ အရမ်းပင်ပင်ပန်းပန်းတော့ မဖြစ် ... အခန်းထဲရောက်တော့ မင်းမြတ်ကို ခုတင်ပေါ်ချလိုက်ပြီး အခန်းထဲက aircorn ကို သွေးခန့် နည်းနည်း ထပ်မြှင့်လိုက်သည်။ ကားပေါ်မှာလဲ တောက်လျောက် aircorn ဖွင့်ထားခဲ့တာမလို့ ချွေးတွေသံတွေ ထွက်မနေတာကြောင့် မင်းမြတ်ကို အဝတ်အစား လဲပေးဖို့တော့ မလို ... ဘေးနားမှာ ဒီလောက် လှုပ်လှုပ်ရှားရှားရှိနေတာတောင် အမူးသမားက တုတ်တုတ်တောင် မလှုပ် ... မူးပြီး အိပ်နေတာ သိပေမယ့် အခန်းထဲ ဆက်နေနေရင် အနှောက်အယှက်ဖြစ်နေမှာစိုးလို့ သွေးခန့်လဲ အခန်းထဲက ထွက်ဖို့ပြင်တော့သည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now