Part 38(Zawgyi&Unicode)

4.8K 442 6
                                    

[Zawgyi]

'ကိုကို ပစ္စည်းတွေ သေချာထည့်နော် ကျန်နေခဲ့မယ် များများစားစား ပါမလာပေမယ့် ကျန်နေခဲ့ရင် နှမြောစရာကြီး'

'ကိုကို သိပါတယ် ခန့်ရာ သေချာထည့်ပြီးပါပြီ ခန့်ရော ထည့်ပြီးပြီလား'

'ကိုယ်က အကုန်စုံပြီ လာကြိုရင် အိတ်လေး ကောက်လွယ်ရုံပဲ'

'ဟုတ်ပါပြီကွာ'

ပုဂံရဲ့ ညနေခင်းမှာ sunset အတူကြည့်ပြီး နောက်တစ်နေ့ နေ့လည်မှာ သွေးခန့်နဲ့ မင်းမြတ် မန္တလေး ပြန်ဖို့ ပြင်ဆင်နေကြခြင်း ... မန္တလေးကနေမှ မေမြို့ကို သွေးခန့်ကားနဲ့ တစ်ဆင့်ပြန်ကြမည်ဖြစ်သည်။ ကားလက်မှတ်ဖြတ်ထားတာက ညနေ ၆ နာရီကားမလို့ ပစ္စည်းသိမ်းဖို့ အချိန်အေးဆေးရသည်။ ကားဂိတ်သွားဖို့အတွက် ferry ကလဲ hotel ကိုသတ်သတ် လာကြိုပေးမှာ မလို့ ကျန်တာ စိတ်ပူစရာတော့ မလို ...

🎼Remember when I told ...🎼

'Hello မေကြီး'

'.....'

'ဟုတ်မေကြီး စိတ်ချပါ မေကြီးရ ညနေငါးခွဲလောက်တော့ လာခေါ်မယ် ထင်တယ်'

'.....'

'ဟုတ် အဲ့တာဆို ဒါပဲနော် မေကြီး သားတို့ နေ့လည်စာ သွားစားမလို့'

ပစ္စည်းသေချာသိမ်းဖို့ ပြောနေကြရင်း phone ringtone သံ ကြားတာကြောင့် ကြည့်လိုက်တော့ မေကြီး ခေါ်တာ ဖြစ်နေသည်။ မင်းမြတ်ကောက်ကိုင်လိုက်ရင်း ဖုန်းဖြေတော့ သေချာဂရုစိုက်ပြီး ပြန်လာဖို့ ပြောခြင်း ... ဘေးနားက ကုတင်ပေါ်မှာ ထိုင်နေတဲ့ ခန့်ကလဲ အလိုက်တသိ ဘေးကနေ ငြိမ်နေပေးသည်။ နေ့လည်စာလဲ မစားရသေးတာမလို့ မေကြီး မှာစရာရှိတာ မှာပြီးတဲ့ အချိန်လောက်မှာ မြန်မြန် ဖုန်းချလိုက်သည်။

'အန်တီ ဖုန်းဆက်တာလား ကိုကို ဘာတဲ့လဲ'

'ဂရုစိုက်ပြီး ပြန်လာဖို့ပါ ခန့်ရာ ကားနဲ့ ပြန်လာမှာ ဆိုတော့ ကိုယ့် ပစ္စည်းကိုယ် သေချာကြည့်ဖို့'

'ဟုတ်ပါပြီ နေ့လည်စာစားမယ်ဆို ကိုကို သွားမယ်လေ'

'Okok'

သိမ်းလက်စ ပစ္စည်းနည်းနည်းကျန်တာကိုလဲ ဆက်မသိမ်းတော့ပဲ ခန့်နဲ့ အတူသာ hotel အပေါ်ထပ်ကို တက်ခဲ့တော့သည်။ တည်းနေတဲ့ ရက်အတွင်း hotel အပေါ်ထပ်မှာပဲ စားနေကျမလို့ အပေါ်ဆုံးထပ်က waiteress လေးနဲ့လဲ ရင်းနှီးနေကြပြီ ... ယနေ့ပြန်တော့မယ့် အကြောင်း နှုတ်ဆက်ရင်း tips လေးလဲ ပေးခဲ့ကြသေးသည်။ နေ့လည်စာစားပြီး အောက်ဆုံးထပ်က အခန်းကိုပြန်ခဲ့ကြတော့ သိမ်းစရာ ရှိတာတွေ အကုန်လက်စသတ်ပြီး အဆင်သင့် လုပ်ထားလိုက်တော့သည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now