Final(Zawgyi&Unicode)

11.6K 498 28
                                    

[Zawgyi]

'ကိုကို ရေ ကိုကို အဆင်သင့်မဖြစ်သေးဘူးလား ... ကိုကို ရေ ... အားးးးး'

ဘိုင်းးးး!!!

'အင့် ...'

'ဟယ် သွေးခန့်ရယ် ဘယ်လိုဖြစ်လာတာတုန်း ... ပျာတီးပျာယာနဲ့ မင်းကိုကိုက ထွက်မပြေးပါဘူး ... ဘယ့်နှယ် မကြီးမငယ်နဲ့ ခလုတ်တိုက်ပြီး ပစ်လဲရတယ်လို့ လာလာ ... ထ'

ဟုတ်ပါသည်။ အကြောင်းမှာတော့ အမောင်သွေးခန့်တို့ သူ့ နွေဦးငယ်လေးရဲ့ အိမ်ထဲကို ဝင်ရင်း အပေါက်ဝက အုတ်ခုံမြင့်လေးနဲ့ တိုက်ပြီး ပစ်လဲခြင်း ... ကလေးမဟုတ်သူငယ်မဟုတ်နဲ့ အိမ်ရှေ့မှာ မှောက်ရက်လေး ပစ်လဲနေတဲ့ သွေးခန့်ကို နွေဦးငယ်ရဲ့ မေမေက မီးဖိုချောင်ထဲက ပြေးထွက်လာကာ အပြေးအလွှား လာထူရှာပေမယ့် အငေါက်တော့ ခံလိုက်ရသေးသည်။ နွေဦးငယ်လေးကိုတော့ ခုထိမတွေ့ရသေး ...

'ဟီး မေကြီးကလဲ သားက နောက်ကျမှာ စိုးလို့ကို'

'ဟဲ့ နောက်ကျမှာ စိုးရအောင် သွားမယ့်နေရာက ထွက်ပြေးမှာ မလို့လား ငါ့နှယ်နော် ... ဒီကလေးတွေ မနိုင်ပါဘူး'

'သားက ပျာယာခပ်တာမဟုတ်ပါဘူး အဲ့ အုတ်ခုံက သားကို မမြင်တာ'

'အော် ... ကဲ ငါထုလိုက်ဦးမယ် အုတ်ခုံကို အပြစ်တင်နေတာ'

မင်းမြတ် ရေမိုးချိုး အဝတ်အစားလဲပြီးလို့ အခန်းပြင်ထွက်လာတော့ အိမ်ပေါက်ဝမှာ ခန့်နဲ့ ခန့် ကို ဆူနေတဲ့ မေကြီးကို တွေ့လိုက်ရသည်။ ခုနောက်ပိုင်း မင်းမြတ်နဲ့ ခန့်တို့ relation က ကြာလာတာနဲ့အမျှ မေကြီးလဲ ခန့်အကြောင်းတွေ တစ်ဖြည်းဖြည်း သိလာတာပြီး မေကြီးနဲ့ ခန့်နဲ့အဆင်ပြနေကြပြီ ... ကြားထဲက ကိုယ်တော်လေး ခန့်ကတော့ အခွင့်အရေးယူကာ မေကြီးကို မင်းမြတ်နည်းတူ မေကြီးလို့ ခေါ်သည်။ တစ်ခါတစ်လေ စိတ်မထင်ရင် မထင်သလို ကပ်ချွဲတတ်သေးသည်။ အိမ်ပေါ်ဝမှာ ဆူနေတဲ့ မေကြီးအသံကို နားထောင်ရသလောက် ခန့်က ပျာယာခပ်နေတာမလို့ ဆူနေပုံပင် ... ဆရာသမားလေးမှာ မနေ့ညတုန်းက ဖုန်းဆက်ပြီး မြို့ရှောင်လမ်းဘက်မှာ နေကြာရိုင်းတွေ ပွင့်နေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်ချင်ကြောင်း ပူဆာလာတာမလို့ မင်းမြတ် သဘောတူလိုက်တော့ အခု မနက်ပိုင် အိမ်ကို ရောက်လာခြင်း ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now