Just for knowledge (Zawgyi&Unicode)

6.3K 476 44
                                    

မေမြို့ကို သိပ်မရင်းနှီးတဲ့ သူတွေ အတွက် ကိုယ်က မေမြို့က မြိုင်အိမ်တွေ အကြောင်း ဗဟုသုတ အနေနဲ့ ပြောပြချင်လို့ပါ ...

မေမြို့မှာ မြိုင်အိမ်တွေလို့ ခေါ်တဲ့ အဆောက်အအုံတွေက အင်္ဂလိပ်လက်ထက်တုန်းက ဘုရင်ခံတွေ ၊ အမှုထမ်းတွေက နွေရာသီရောက်ပြီဆိုရင် အပူရှောင်တဲ့ အနေနဲ့ မေမြို့ကို တောင်ပေါ်စခန်းမြို့ အနေနဲ့ ရုံးထိုင်ကြပါတယ် ... အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့တဲ့ နှစ်ပေါင်းရာချီရှိနေပြီဖြစ်တဲ့ မြိုင်အိမ်တွေကို လက်ရှိအချိန်မှာ တချို့ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကလည်းကောင်း၊တပ်မတော်က လည်းကောင်း၊ သစ်တောဦးစီးဌာနက လည်းကောင်း၊ သက်ဆိုင်ရာဌာနများကလည်းကောင်း ထိန်းသိမ်းထားမှု ရှိသလို ပုဂ္ဂလိကပိုင်တွေလည်း ရှိပါတယ်။

မေမြို့မှာ အစကတော့ မြိုင် ၇ မြိုင်ရှိတယ်လို့ သိထားပေမဲ့ လက်တွေ့မှာ ၇ မြိုင်ထက်မကရှိပါတယ် ... ၇ မြိုင်ဆိုတာကတော့ ထင်ရှားတဲ့ မြိုင်အိမ်တွေပါ ... တစ်ချို့မြိုင်အိမ်တွေကတော့ အပြင်ကနေ သတ်သတ်ပဲ လေ့လာလို့ရပြီး အထဲကို လုံးဝဝင်ခွင့်မရှိပါဘူး ...

ကိုယ်တို့မေမြို့ရဲ့ နာမည်ကြီး မြိုင် ၇ မြိုင်ကို reader တွေ ဗဟုသုတ ရအောင် ကိုယ်ရေးပေးလိုက်ပါတယ်နော် ...

နန်းမြိုင် (Craddock Court)

နန်းမြိုင်လို့ ပြောလိုက်တာနဲ့ သရဲခြောက်တဲ့ အခန်း 101 ကို ပြေးမြင်ကြတယ်ဟုတ် ... နန်းမြိုင်ဟာ DSA ရဲ့ အရှေ့မှာ ရှိပါတယ် ... ၁၉၁၈ မှ ၁၉၂၂ ထိအုပ်ချုပ်ခဲ့တဲ့ ဒုတိယဘုရင်ခံ Sr. Reginald H Craddock ကို အစွဲပြုပြီး Craddock Court လို့နာမည်ပေးခဲ့ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အပိုင်ဖြစ်ပြီး ၁၉၈၂ က စပြီး နိုင်ငံတော်က ဟိုတယ်အဖြစ် ဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဟိုတယ်မှာ အခန်း ၃၂ ခန်းပဲ ရှိပါတယ် ... ၂၀၁၈ အထိ Orchid Nan Myaing ဟိုတယ်အနေနဲ့ဖွင့်ခဲ့ပါတယ်... အခုတော့ ပိတ်ထားပါတယ် ...

 အခုတော့ ပိတ်ထားပါတယ်

Ops! Esta imagem não segue as nossas directrizes de conteúdo. Para continuares a publicar, por favor, remova-a ou carrega uma imagem diferente.
 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Onde as histórias ganham vida. Descobre agora