Chapter-2

1.2K 164 22
                                    

Unicode

Section-1

နာရီကို ကြည့်လိုက်တော့ ညနေ၄နာရီ~
ဒီအချိန်ဆို Taehyungနိုးလောက်ပြီလို့ ယူဆတာကြောင့် ထမင်းစားခေါ်ဖို့ အခန်းတံခါးကို ခေါက်လိုက်သည်။

"ဒေါက်....ဒေါက်....ဒေါက်..."

အထဲက ဘာတုံ့ပြန်သံမှမကြား~ဒီအချိန်ထိ
မအိပ်သင့်တော့ဘူးလေ~တော်ကြာဖျားနေဦးမယ်....

တံခါးကို Lockမချထားတာကြောင့် အခန်းထဲ ဝင်လာလိုက်တော့ Taehyungကို မတွေ့ရ~
ကြည့်ရတာ ရေချိုးနေတယ်ထင်တယ်....

"သြော်.....hyung"

အခန်းအပြင်ထွက်ဖို့ ပြင်နေချိန်မှာပဲ ရေချိုးခန်းထဲက Taehyungထွက်လာတယ်.....

"Taehyungဗိုက်ဆာပြီလားလို့...ထမင်းစားလာခေါ်တာ"

"ဆာပြီ hyung..."

ရေချိုးပြီး စဖြစ်လို့ ကြည်လင်နေတဲ့ အသားအရေနဲ့ ဒီကောင်လေးကို ကြည့်နေရင်း သတိထားမိတာက နှုတ်ခေါင်းထိပ်က မှဲ့ကလေး....

"အဲ့တာဆို အဝတ်အစားလဲပြီး ထွက်လာခဲ့လေ~အပြင်မှာသွားစားမယ်ဆို အဆင်ပြေလား"

"ရပါတယ်~hyung"

ခဏကြာတော့ အခန်းထဲကနေ Taehyung
ထွက်လာတယ်~

ဒီကောင်လေးဟာ တကယ်ကို ဘာဝတ်ဝတ်မိုက်နေတာပဲ~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီကောင်လေးဟာ တကယ်ကို ဘာဝတ်ဝတ်မိုက်နေတာပဲ~

"သွားကြစို့...."

သူ့စကားကို ခေါင်းငြိမ့်ပြတဲ့ Taehyungဟာ
အနေအေးတာလားတော့ မပြောတတ်....

"Taehyung ဘာစားချင်လဲ"

"ပဲခေါက်ဆွဲ စားချင်တယ် hyung"

တွေ့လား~မေးတစ်ခွန်းပြောတစ်ခွန်းပဲ....
ဒီလိုပုံစံဆို သူငယ်ချင်းတောင်လုပ်လို့ရပြီ....

Always(Completed)Where stories live. Discover now