Extra-2

1.5K 135 37
                                    

Unicode

Section-1

"........ကျွန်တော့်ယူဆချက်ကတော့ အခုလာမယ့်ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လေယာဥ်တွေကိုပြင်ဆင်ဖို့ budgetကို ဒီလကုန်နောက်ဆုံးထားပြီး ထုတ်ပေးသင့်ပါတယ်......"

Taehyungရဲ့ နိဂုံးချုပ်တင်ပြချက်ကို Hoseokကျေနပ်စွာခေါင်းငြိမ့်လိုက်မိတယ်....

ကျန်တဲ့ Directorအဖွဲ့ဝင်တွေကို ကြည့်တော့လည်း Taehyungတင်ပြချက်ကို သဘောကျနေတဲ့ပုံ.....

ထုံးစံအတိုင်းမဲပေးပြီး ဆန္ဒကောက်ခံတော့ Taehyungရဲ့တင်ပြချက်ကို ကန့်ကွက်သူမရှိပဲ လက်ခံကြတယ်....

အစည်းအဝေးအောင်အောင်မြင်မြင်ပြီးသွားတာကြောင့် ကျေနပ်နေဟန်ရှိတဲ့ Taehyungဟာ Hoseokကို လှမ်းပြုံးပြတယ်...

ခုနကတော့ မျက်နှာတည်တည်လေးနဲ့ Presentationလုပ်နေတဲ့ကောင်လေးဟာ အခုလိုပြုံးလိုက်တော့လည်း ကလေးလေးကျလို့.....

ကိုယ့်ချစ်သူမို့လို ကိုယ်ကြွားပြောတာတော့မဟုတ်....

ကနေဒါရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Reginaကနေ Bachelor of Business Administration (BBA)ဘွဲ့ကို ရထားတဲ့ Taehyungဟာ အလုပ်လုပ်ရမှာလည်း တကယ်ကိုတော်တာ....

အရည်အချင်းရှိရတဲ့အထဲ ရုပ်ရည်ကလည်းပြောစရာမရှိတာကြောင့် စိတ်ဝင်စားတဲ့လူတွေများတဲ့ ဒီကောင်လေးကို Hoseokမှာအမြဲတမ်းနီးပါး သဝန်တိုနေရတာ....

ဒီလိုကောင်လေးဟာ သူနဲ့နီးစပ်ဖို့ Japanစာသင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Seoulကိုလာခဲ့တယ်ဆိုတာ တွေးမိတော့ Hoseokမပြုံးပဲကိုမနေနိုင်.....

ဘယ်လောက်တောင်ကံကောင်းလိုက်တဲ့
ငါလဲ.....

"ထမင်းစားချိန်ကျရင်တွေ့မယ်နော်.... Director Jung.."

အစည်းအဝေးခန်းထဲကထွက်လာချိန်မှာ Taehyungက သူ့ကိုပြုံးပြရင်းနှုတ်ဆက်တယ်.....

ပြီးတော့မသိမသာ မျက်ခုံးလေးပင့်ကာ
စနောက်နေပြန်တယ်..... Taehyungကို ကြည့်ပြီး Hoseokမှာ အသည်းတယားယား....

Always(Completed)Where stories live. Discover now