Chapter-4

1.1K 132 24
                                    

Unicode

Section-1

ဘာလိုလိုနဲ့ Taehyung သူ့ဆီရောက်လာတာ
၁၀လကျော်လို့ ၁၁လထဲရောက်လာခဲ့သည်။

မနက်စာကို အတူစားပြီး သူ Taehyungကို ကျောင်းလိုက်ပို့သည်။ ညနေကျောင်းကအပြန် ညစာအတူစားကြသည်။

တစ်ခါတစ်လေ Taehyungက သူတတ်ကြိုက်တာလေးတွေ ချက်ကျွေးပြီး
သူကတော့ Taehyungကို အသေးစိတ်ဂရုစိုက်ရတာကို နေသားကျလာခဲ့သည်။

ဒါပေမယ့် သူသတိပြုမိသလောက်ဆိုရင်
အခုတလော Taehyungကို ကြည့်ရတာ ပျော်ပျော်ရွှင်မရှိ၊ တစ်ချက်တစ်ချက် ငိုင်ငိုင်သွားတတ်တဲ့ ကောင်လေးကြောင့် သူမနေနိုင်စွာနဲ့ Namjoonကို phoneဆက်မိတယ်~

"အေး...Hoseok ပြော"

"ငါမေးစရာရှိလို့ Namjoon~"

"မေးလေ.....ဘာမေးမှာလဲ"

"ဟိုဟာကွာ~ငါနဲ့မဆိုင်မှန်းတော့ သိပါတယ်....ဒါပေမယ့်ကွာ..."

"$##.....ဟေ့ကောင် လိုရင်းပြော"

လိုရင်းမရောက်တဲ့သူ့ကို Namjoonက ဆဲရင်းပြောတယ်။

"ဒီလိုပါကွာ Taehyungမှာ အိမ်တွင်းရေးပြဿနာများရှိလားလို့ပါ...."

"အိမ်တွင်းရေးပြဿနာ......ငါသိသလောက်တော့မရှိပါဘူး~ဘာလို့လဲ...Taehyungဘာဖြစ်လို့လဲ"

"မင်းကောင်လေးက သိပ်ပျော်ပုံမရဘူးကွ~"

"အိမ်လွမ်းလို့ နေမှာပေါ့ကွ~အဲ့ကောင်လေးက seoulကို သူ့သဘောနဲ့ သူလာတာပါကွာ...."

".....မင်းရော ညတိုင်းphoneဆက်ရဲ့လား Namjoon"

သူ့စကားကို Namjoonကရယ်တယ်။

"ဘာလဲ Hoseok ငါတို့နှစ်ယောက် phoneဆက်တာက အစ မင်းကသိချင်နေတာလား~Taehyungက ငါ့ကောင်လေးပါကွ"

Namjoon စကားကြောင့် သူ့ရင်ထဲ ပူခနဲဖြစ်သွားတယ်။ သိတာပေါ့ ကောင်လေးက Namjoonလူဆိုတာ~

"မင်းကောင်လေးဆိုလည်း ဂရုစိုက်ပေါ့ကွ... တကယ်ကိုပဲ~"

စိတ်တိုလာတာကြောင့် Namjoonစကားကို မစောင့်တော့ဘဲ phoneချလိုက်မိတယ်~

နာရီကို ကြည့်လိုက်တော့ မနက် ၇နာရီ~ဒီအချိန်ဆို Taehyungအိပ်ရာနိုးလောက်ပြီ....မနက်စာစားဖို့ ခေါ်ရန်အတွက် အခန်းတံခါးကို ခေါက်လိုက်သည်။

Always(Completed)Waar verhalen tot leven komen. Ontdek het nu