Chapter-5

1.3K 137 43
                                    

Unicode

Section-1

Taehyung အိပ်ရာကနိုးလာတော့ ဘေးမှာ Hoseok hyungကိုမတွေ့ရ~မျက်နှာသစ်ပြီး
အခန်းအပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ Namjoon hyungကိုတွေ့ရတယ်~

"ဒီနေ့ ညနေထွက်မယ့် Flightနဲ့ ကနေဒါကို ပြန်ကြမယ်Taehyung~အထုပ်အပိုးတွေ ပြင်တော့..."

"Hoseok hyungရောဟင်....hyung"

"Hoseokအကုန်သိသွားပြီ Taehyung...."

အကုန်သိသွားပြီဆိုတော့......

"သူ့အတွက်လည်း အချိန်လိုတယ်လေ Taehyung.....အခုတော့ငါတို့ ကနေဒါကိုပြန်ကြမယ်..."

Namjoon hyungစကားကို ကြားရချိန်မှာ သိလိုက်ရတာက Hoseok hyungသူ့ကို မုန်းသွားလောက်ပြီဆိုတာ.....

"သူဘာပြောသွားသေးလဲ hyung..."

"ဘာမှမပြောဘူး Taehyung .... တစ်ယောက်ထဲနေပါရစေလို့ပဲပြောပြီး ထွက်သွားတယ်~ငါစကားပြောတာလွန်သွားတယ် Taehyung~မင်းနဲ့Hoseok တစ်ညလုံးအတူရှိနေတာကို သိလိုက်ရတော့ စိတ်မထိန်းနိုင်ဖြစ်သွားတယ်"

ဒီလောက်ဆို သူနားလည်ပြီ....သူနဲ့ Namjoon​ hyungက Hoseok hyung သိက္ခာကို စော်ကားလိုက်သလို ဖြစ်သွားတာကိုး....

ကျွန်တော့်ကို မုန်းသွားပြီလား hyungရယ်....

Namjoon hyungပြောပြတာကတော့ ညက Namjoon hyungရဲ့ ချစ်သူ Jin hyung phoneဆက်တာကို Hoseok hyungကမြင်သွားပြီး ပြဿနာတတ်ကြတာတဲ့....

လွန်ခဲ့တဲ့ တစ်လခန့်က
Taehyungမျက်နှာမကောင်းဘူးဆိုပြီး Namjoon hyungဆီ Hoseok hyung phoneဆက်ပြောပြခဲ့တုန်းက သူမှာပျော်ခဲ့ရတာ.....

တကယ်က Namjoon hyungပေးထားတဲ့ အချိန် တစ်နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် Hoseok hyungမချစ်သေးတာကို တွေးမိနေလို့ သူ့မှာမပျော်နိုင်တာ.....

Hoseok hyungအရင်လို မရှုပ်တော့ဘဲ
တည်ငြိမ်လာတာကို သတိထားမိတဲ့ Namjoon hyungရဲ့ စောင့်ကြည့်ကာလဟာ
မနေ့ညကို ကျော်လွန်ရင် ပြီးသွားပြီ....

အဲ့တာဆို ဒီနေ့မနက်မှာ Hoseok hyungကို သူအကုန်ရှင်းပြဖို့တွေးထားတာ ....

ဒါပေမယ့် မမြင်ရတဲ့ ကံကြမ္မာဟာ မထင်မှတ်စွာ လွဲမှားသွားခဲ့လေပြီ.....

Always(Completed)Where stories live. Discover now