အပိုင်း (၂)

965 45 0
                                    

ရန်ကုန်ကပြန်ရောက်ကတည်းက အပျော်အပါးမက်သူမို့မနက်တည်းက ဟိုဟိုဒီဒီလျှောက်သွားနေတာ ညနေနေဝင်ပျိုးစအချိန်လောက်မှ ပြန်ရောက်လာတတ်သည်။ မနက်စာထမင်းကိုကြုံရာ သူငယ်ချင်းအိမ်တွင် ဝင်စားလိုက်သည်။သူတို့ရွာဖက်မှာ ထမင်းတနပ်စာလောက်ကို စိတ်ပူစရာပင်မလို ဘယ်အိမ်ဝင်စားစားရသည်။ ဒီနေ့တော့ကြက်ဝိုင်းတွင် ရန်ဖြစ်လာတာကြောင့် အိမ်ကိုသာပြန်လာရသည်။ အိမ်ရှေ့တံခါးဝကနေ အမေလို့ခေါ်တော့ အမေကမထူးချေ။ အေးရိပ်ကိုဘယ်ကပဲပြန်လာလာ ခြံဝကတည်းကအမေ့ကို အော်ခေါ်တတ်သည်မှာ ငယ်ငယ်တည်းကအကျင့်တစ်ခုပင်။ ခေါ်တာမထူးသည့်အပြင် အိမ်အောက်ခန်းတွင် ရှာကြည့်တော့အ​​မေ့အရိပ်အ ယောင်ကိုပင်မတွေ့ပါ။ ဟိုလုံမလေးတစ်ယောက်တော့ အိမ်အောက်က မေမေ့စက်ခုံပေါ်တွင် အကျုတ်ကျုတ်နဲ့ဘာတွေလုပ်နေမှန်းမသိ။ မမြင်ရတာတပတ်ကျော်ပင်မဲ့ လုံမလေးကိုကြည့်လိုက်ရုံပင် အမျိုးအမည်မသိခံစားမှုတစ်ခု ဖြစ်ပေါ်လာပြန်သည်။

"မြ...ဘာပါလိမ့်။ "

"မြရစ်နွယ်ပါအစ်မ။ အစ်မခေါ်ရတာထောက်နေရင်
ဒေါ်ဒေါ်ခေါ်သလိုမြ လို့ခေါ်လည်းအဆင်ပြေပါတယ်။ "

မြရစ်နွယ်မှသူချုပ်လက်စအထည်ကိုရပ်လိုက်ရင်းဆိုသည်။

" မြ...မြလို့ပဲထားပါတော့။ဒါနဲ့ကျုပ်အမေကော။"

အိမ်ရှေ့ရောက်ကတည်းက ကလေးတစ်ယောက်လိုတညံညံအော်ခေါ်နေသည့် အစ်မအသံကိုသတိထားမိသည်။
မတွေ့မိတဲ့တစ်ပတ်ကျော်အချိန်မှာ အစ်မရဲ့ခပ်ညိိုညို အသားအရည်ဟာ ပိုပြီးတောင်ညိုလာသလိုပင် ဒီလောက်အညာနေပူမှာ လျှောက်သွားနေလို့ထင်ပါရဲ့။

"ဒေါ်ဒေါ်က ဟိုဖက်ခနထွက်သွားတယ် ဘကြီး
လာခေါ်လို့။ "

သူဒီလောက်နှင့်တင်သိလိုက်ပြီ။ အေးရိပ်ကိုရန်ဖြစ်တာကိုအဘကြားပြီး အမေ့ကိုခေါ်ကာရှင်းအောင်သွားသည်ဆိုတာကို​​ပေါ့ သူခပ်ရဲ့ရဲ့လေးပြုံးလိုက်မိ​ပြီး ဘဝမှာဒီလောက်ပြည့်စုံတာဘယ်ရှိပါ့မလဲ။

"အော်။ "

ခုမှအသေအချာ သတိထားမိသည်။ရှပ်အကျီအဖြူပေါ်တွင်သွေးစအနည်းငယ်စွန်းနေသည်။ လက်မောင်းတွင်လည်းတုတ်နဲ့ ရိုတ်တာကြောင့်လားမသိညအနည်းငယ်ယောင်တတ်နေသည်။ မြစက်ချုပ်နေသည့် ခုံပေါ်မှရပ်လိုက်ပြီး အစ်မရှိရာကိုလျှောက်သွားသည်။အစ်မကတွယ်တွယ်လေး ငေးနေရုံကလွဲရင်ဘာမှမပြော။ မြလည်းလက်ကို ဆတ်ခနဲကိုင်ကြည့်လိုက်သည်နှင့် အစ်မအနည်းငယ်တွန့်သွားသည်။

သူကြီးသမီးက ကျုပ်အပိုင်Where stories live. Discover now