အပိုင်း (၁၀)

807 51 7
                                    

"အဲတာကြီးကတော့ နင်လွန်တာပေါ့။ အနည်းဆုံးတော့ကိုလူမော် ဘာပြောလဲမေးခဲ့သင့်တာ။ "

"ဘာပဲပြောပြော ပါးတော့မရိုတ်လိုက်သင့်ဘူးလေ။ လူမော်ကို ဘယ်လောက်ထိုးတယ်ပြောပြော လက်ထိုးတာနှင့် ပါးချခံရတာဟာမတူဘူး မြရယ် ဟိုကတစ်ခုခုမလုပ်သွားတာ ကံကောင်းသေးတယ်။ "

ဟိုနေ့က ဖြစ်သွားတဲ့ကိစ္စကို ဘာမှမကြံတတ်တာကြောင့်သူ့သူငယ်ချင်းနှစ်ယောက်ကို တိုင်ပင်ကြည့်ကာမှ ကိုယ့်ချူးကိုယ်ပြန်ပတ်ပြီး မြရစ်နွယ်အပြစ်များသာ ဖြစ်နေတော့သည်။

"သူဘာမှမလုပ်သွားပင်မဲ့။ ငါ့ကိုတစ်ခုပြောသွားသေးတယ်။ "

"ဘာများလဲ။ "
အာသွက်လျှာသွက် စောယဥ်က မေးလိုက်သော်လည်း
ခင်လှက စိတ်ဝင်စားဟန်နှင့်သာ မြရစ်နွယ်စကားကို
နားစိုက်ထားဟန်ရှိသည်။

"ထန်းတပင်ရွာသူကြီးသမီးက ကျုပ်အပိုင်ဖြစ်စေရမယ်တဲ့။ "

"ဟင်။ "
"တကယ်ကြီး။ "
ထိုနှစ်ယောက်ထံမှ ပြိုင်တူထွက်ပေါ်လာသည့်အသံ။
တကယ်ကြီးဆိုသည့်အမေးကို မြရစ်နွယ်အသာခေါင်းညှိတ်ပြလိုက်သည်။

"နင် အစ်မအေးရိပ်ကိုကို ကြိုက်တယ်မလား။ "

မြဘာဖြေရမှန်းမသိပဲ အင်တင်တင်ဖြစ်နေမိသည်။ဒီအတွေးတွေနှင့် ရှုပ်နေမိတာကြာညောင်းလှပြီမလား။
ကြိုက်လားဆို အစ်မအေးရိပ်ကိုလို လူမျိုးကိုမကြိုက်စရာ ဘာအကြောင်းမှမရှိ။ဒါမဲ့ခုလိုအခြေအနေကြီးမှာ သူ့ကိုပိုင်ရမယ်လို့ ပြောတဲ့သူကို ဘယ်လိုများ ငါကကြိုက်နေမိပါတယ်လို့ ပြောထွက်ပါ့မလဲ။ ပြီးတော့ သူ့ရည်းစားအစ်မညိုလှသက်ကရော မျက်စိတစ်မှိတ် လက်ဖျောက်တစ်ချက်အတီးမှာတင် အဖြစ်အပျက်တွေက မြန်ဆန်လွန်းသည်မို့ မြလိုက်မမှီတော့။

"သူက အစ်ညိုလှသက်နှင့်တွဲနေတာ။ "

"ဘယ်လို။ "
"မဖြစ်နိုင်တာ။ "
နားထောင်သူ နှစ်ယောက်ပဲရှိသည့် စကားဝိုင်းတွင် တစ်ယောက်တစ်ပေါက်ထွက်နေကြသည့် စကားသံတွေကို မြတော်တော်လေး မြင်ပြင်းကတ်လာပြီ။

"ငါကမဟုတ်ပဲပြောမလား။ "
ခပ်ဆတ်ဆတ်အသံနှင့် ပြောလိုက်တော့ သူတို့ကစဥ်းစားနေဟန်ရှိသည်။

သူကြီးသမီးက ကျုပ်အပိုင်Where stories live. Discover now