အပိုင်း (၈)

724 62 14
                                    

အေးရိပ်ကိုမျက်နှာသစ်ပြီးသည်နှင့် ခပ်သုတ်သုတ်ပဲထမင်းစားခန်းထဲသို့ ရောက်လာသည်။ မြရစ်နွယ်နှင့်ညိုလှသက်မှာထမင်းကျော်မစားကြသေးပဲ စကားတပြောပြောဖြင့်အေးရိပ်ကိုကိုစောင့်နေဟန်ရှိသည်။

"ဘာတွေများ ဒီလောက်အဖွဲ့ကျ နေပါလိမ့်။ "
ထိုမှသာ စကားပြောနေသည့်နှစ်ယောက် အေးရိပ်ကိုမျက်နှာသစ်ပြီး ပြန်ရောက်နေပြီကို သိဟန်ပေါ်သည်။

"ဟိုပြောဒီပြောပေါ့ ရိပ်ရဲ့။"
ညိုလှသက်မှအေးရိပ်ကိုကို ပြုံးပြပြီး ဘေးနားရှိခုံကို ထိုင်​စေရန်အ​​နောက်သို့ ဆွဲပေးသည်။ ခုအေးရိပ်ကိုထိုင်နေသည့် နေရာဟာ ညိုလှသက်ရဲ့ညာဘက်ဘေး မြရစ်နွယ်၏ မျက်စောင်းထိုးနေရာတွင် ဖြစ်သည်။

တော်သေးတာပေါ့ ဒီတစ်ခါတော့သူ့ဘာသာသူ မျက်နှာသုတ်လာလို့။ မဟုတ်ရင်သူမမြင်ချင်တာတွေ မြင်ရလိမ့်မည်။
မျက်နှာသစ်ကာစ အစ်မအေးရိပ်ကိုမျက်နှာဟာ သနပ်ခါးတောင်တစ်ခါမှမလိမ်းပဲ ချောမွေ့ကြည်လင်နေသည်။

"ညမမြ။ "

"ညမမြ။ "

"ဟင်။"
အေးရိပ်ကိုမျက်နှာကို မသိမသာရောသိသိသာသာရော ကြည့်ပြီးငေးနေမှုကြောင့် ခေါ်လိုက်ရခြင်းပင်။ အေးရိပ်ကိုကတော့ ဘာမှသိပုံမပေါ် သူစားစရာရှိတာကိုသာ စားနေသည်။ရည်းစားမတော်ရသေးလို့ပေါ့ ရည်းစားသာတော်လိုက်ရရင် ဒါလေးတောင်မသိဘူးလားဆိုပြီး ခေါင်းကိုမနာအောင် ခပ်ဖွဖွခေါက်မိမှာ။

"စားလေကွယ်။ ငေးမနေနဲ့။ "
အစ်မညိုလှသက်က အစ်မကိုငေးနေတာကိုရိပ်မိပုံပေါ်သည်။
မြရစ်နွယ်ရှက်သွားသယောင်မဖြစ်သော်လည်း မနည်းငယ်ကသိကအောက် ဖြစ်မိသည်။ငါကလည်း သူများရည်းစားမှသွားကြည့်မိတာကို ခံစမ်းမိမြရဲ့။

"မြကအစောကြီးကို ကိစ္စရှိလို့လား။ "
ထမင်းကျော်ကို ပါးစပ်၌တမြုံမြုံဝါးရင်း မြရစ်နွယ်မျက်နှာကို ကြည့်ကာအေးရိပ်ကိုမှ အမေးစကားဆိုလာသည်။

"ဒေါ်ဒေါ်က ထန်းတပင်ဖက်နေဖို့ လာခေါ်ခိုင်းလိုက်လို့ လာတာ ရိပ်ရဲ့။ "
မြရစ်နွယ်ဖြေဖို့ ပါးစပ်ဟလိုက်ရုံနဲ့တင် ညိုလှသက်ဆီမှအဖြေထွက်လာ၍ အစ်မအေးရိပ်ကိုရော မြပါ ညိုလှသက်ဆီအကြည့်ရောက်သွားကြသည်။

သူကြီးသမီးက ကျုပ်အပိုင်Where stories live. Discover now