အပိုင်း (၅)

807 55 10
                                    

သည်နေ့မြတို့ရွာမှာအလှူရှိသည်။ ဒီထက်ပိုပြောရမယ်ဆိုရင် အစ်မအေးရိပ်ကိုတို့လာသွားတဲ့ အိမ်ကရှင်ပြုအလှူတော်ဖြစ်သည်။ နေ့လည်၂နာရီလောက်ထဲကပြင်ဆင်နေကြပြီးညနေ၄ဆိုရွာပတ်၍ ဘုန်းကြီးကျောင်းကိုတတ်ကာရှင်လောင်းများကိုဆံချရမည်ဖြစ်သည်။ ညနေသုံးနာရီကျော်ကျော်လောက်ကျတော့ မဏ္ဍပ်နားတွင် အပျိုလူပျိုလူကြီးသူမများနဲ့ လူများစုံနေကြပြီ။ ရှေ့တွင်သာသနာအလံ တံခွန်၊ကုက္ကားတို့ကိုင်ထာကြသည့် လူကြီးအချို့နဲ့လူငယ်အချို့၊ အဲနောက်တွင်ပရိပ်ခယာနဲ့ယပ်ကိုင်ထားသည့်ရှင်ဖ၊သက်န်းကရွက်ထားသည့်ရှင်မိ မြင်းပေါ်မှ​မောင်ရင်မလောင်းနှစ်ပါး၊ ရှင်ပဒေသာကိုင်သူ နဲ့ကွန်းတောင်းစိမ်းနှင့်ကွန်းတော်ကိုင်ပန်းတော်ကိုင်၊ နောက်တွင်သက်န်းရွက်သူအချို့နဲ့ ခလေးများနောက်၌လိုက်ကြသည်။ နောက်ဆုံးတွင်တော့ အိုးစဥ်ဒိုးပဝိုင်းနဲ့ ရွှေရိုးဒေါ်မိုးကသူများ၊အရုပ်အကြီးထဲတွင်လူများဝင်နေကြသည့် ကုလားကြီးများလည်းပါဝင်သည်။

လူများစုံပြီဆိုသည်နှင့် ရွာကိုပတ်ကြသည်။ရွာဆိုသည့်အတိုင်း အိမ်ခြေတစ်ရာကျော်လောက်ပဲရှိသည်မို့ ရှင်ပြုပတ်သည်ဆိုသော်လည်း သိပ်ပင်ပင်ပန်းပန်းပင်ပတ်နေစရာမရှိချေ။ အလှူအိမ်မှရွာဦးဘုန်းကြီးကျောင်းဝင်ကာခတ္တနား၍ မိဘများနဲ့ရှင်လောင်းများကတော့ ရွာဦးကျောင်းတွင်ကျန်နှင့်နေကြပြီး ကျန်သူများကတော့အစီအရီရှေ့နည်းကအတိုင်းအလှူအိမ်ကိုပြန်ပတ်လာကြသည်။ အလှူအိမ်အရောက်တွင်ရေကမ်းသူ အအေးကမ်းသူ အလှူယပ်တောင်ကမ်းသူနဲပွတ်လောရိုတ်နေကြသည်။ သာမန်အိမ်များဆိုလျှင် သဘာဝသံပရာရည်လောက်သာ ဖျော်လေ့ရှိကြသည်။ဤအလှူတွင်တော့ ချမ်းသာသူများဖြစ်တာကြောင့် မြို့တတ်၍ အနည်းငယ်မျှသာရနိုင်တတ်သည့် အအေးတစ်မျိုး ကိုလာဆိုလားဘာဆိုလားတိုက်သည်။ ယပ်တောင်ဆိုသည်မှာကား နှီးဖြင့်ယက်ထားသည်များသာဖြစ်သည်။

အအေးကမ်းသူများအချို့တွင်တစ်ခြားရွာကသူများပါဝင်နေသည်။ အထူးသဖြင့် ဘကြီးရိပ်ငြိမ်းသမီးအေးရိပ်ကို တစ်ချို့မိန်းမပျိုများမှာ ကျန်တဲ့သူကမ်းသည့်အအေးကိုပင်မယူပဲ
အစ်မကမ်းမှယူသည့်သူများရှိကြသည်။တကယ်ကိုမြင်ပြင်းကပ်စရာပင်။မိန်းမအချင်းချင်းဒီလောက်ဖြစ်စရာလိုလို့လား။

သူကြီးသမီးက ကျုပ်အပိုင်Where stories live. Discover now