အပိုင်း (၉)

725 62 7
                                    

မနေ့ညက အစ်မနှင့်ဒေါ်ဒေါ် မြတို့အိမ်မှာတည်းကြသည်။ ဒေါ်ဒေါ်နှင့်အမေက လူကြီးတွေမို့ အိမ်အောက်ခန်းတွင်သာအိပ်ကြသည်။ အဘကတော့ ဟိုဖက်ရွာကိုအလုပ်ကိစ္စဖြင့် ခဏမျှသွားသည်မို့ ရှိမနေ။ အမေက အစ်မအေးရိပ်ကိုနှင့်အတူ အိပ်စေတာကြောင့် မြမှာအတော်လေးနေရခက်လှသည်။ မိန်းခလေးချင်းဟုဆိုသော်လည်း မြမှာသာမာန်ထက်နေရထိုင်ရတာ အဆင်မပြေ ဒါကိုသိနေသည့်အလား အစ်မကသူအိုက်၍ အခန်းထဲမှာမအိပ်နိုင်ကြောင်းပြောပြီး အိမ်ရှေ့ခန်းမှာထွက်အိပ်နေသည်။ ညတစ်ချက်ထိုးလောက်မှာ မိုးသံကြောင့် နိုးလာသည်။ တန်ခူးလထဲဝင်နေပြီမို့ နွေမိုးရွာခြင်းဖြစ်သည်။ မီးခြစ်ဆံကိုခြစ်ကာ ဘေးကရေနံမီးခွက်ကိုထွန်းလိုက်ပြီး အိမ်ရှေ့ခန်းကိုခပ်သုတ်သုတ် ထွက်လာသည်။ ရှေ့ခန်းတွင် အိပ်နေသည့်အစ်မမှာ မိုးပက်နေသော်လည်း နိုးမ​နေချေ။ တော်တော် အအိပ်ဆတ်ပုံပါပဲ။

"အစ်မ။ အစ်မ။ "
ခေါင်းအုံးကို လက်တစ်ဖက်တင်ကာ တစ်စောင်းအိပ်နေသည့်အစ်မက လှုပ်နှိုးမှုကြောင့် အင်းခနဲအသံပြုကာနိုးလာသည်။

"ဘာလို့လဲမြရဲ့။ "
ရေနံမီးခွက်အရောင်ဟပ်မှုကြောင့် ညိုစိပ်စိပ်အသားအရေဟာထင်းခနဲ အစ်မကအိမ်နေရင်းလည်း ကြည့်ကောင်းတာပဲလား။

"မိုးရွာနေတာ မိုးပက်လို့လာခေါ်တာ။ "
ကျန်လက်တစ်ဖက်ဖြင့် မျက်လုံးကိုပွတ်လိုက်ပြီး
ခေါင်းထောင်လာသည်။

"ဘယ်နှစ်ချက်ထိုးပြီလဲ။ "
ခေါင်းအုံးကို လက်နှစ်ဖက်ဖြင့် ကလေးသဖွယ်ပိုက်ကာမြနောက်ကလိုက်လာရင်း အမေးသံ။

"တစ်ချက်ထိုးပြီအစ်မ။ "
အခန်းထဲဝင်ခါနီးမှ အစ်မကခြေအစုံကိုရပ်လိုက်ပြီး မြနောက်လိုက်မလာပဲ ရပ်ကြည့်နေပြန်သည်။

"လာလေ အစ်မရဲ့။ "
ပိုသည်းလာသည့်မိုးသံနှင့် ချမ်းစိမ့်စိမ့်ဓာတ်ကြောင့် အထဲခေါ်မှဖြစ်မည်မလား။ အစ်မက မျက်လုံးကိုနှစ်ချက်လောက်ပေကပ်ကပ်ဖြင့် မှိတ်လိုက်ပြီး။

"ဖြစ်ပါ့မလား။ "
သူကပဲ ကြောက်နေရတယ်ရှိသေးတယ်။

"ဖြစ်တယ်လာ။ "
ခေါင်းအုံးကို ပိုက်ကာရပ်နေသည့် အစ်မလက်ကိုဆွဲကာ အခန်းထဲဝင်လာသည်။ မဟုတ်လျှင် သူကရပ်မြဲတိုင်းရပ်နေမည်မလား။ ဘာလို့အထဲခေါ်လည်းမေးရင် မိုးပက်နေလို့ဆိုပြီး မိုးကိုပဲထိုးချရပါ့လိမ့်မယ်။ တကယ်တမ်းမိုးကြောင့်လားမေးရင် ဖြစ်နိုင်ချေကအရမ်းနည်းသည်။

သူကြီးသမီးက ကျုပ်အပိုင်Where stories live. Discover now