39

6K 313 10
                                    

💛 Players ( Part - 39 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အဖေနဲ့အမေက နမ့်ဆန်ခြံတွေဆီ ခရီးထွက်သွားသောကြောင့် ဒီစံအိမ်မှာ သူတို့၃​ယောက်သာရှိပြီး အစ်ကိုကလည်း သူ့အလုပ်နဲ့သူမို့ အားလပ်သည်ဟုမရှိ။
ညစာစားပြီးကတည်းက Laptopတစ်လုံးနှင့်အလုပ်ရှုပ်နေပြီး တပည့်ပေါင်းမြောက်မြားစွာကို ခိုင်းစေနေသည်မှာလည်း တစ်ခုပြီးတစ်ခုမို့ အစ်ကိုသည် တစ်ချိန်လုံးဒီအလုပ်ထဲမှာပဲ ခေါင်းနှစ်ထားပုံရသည်။

Baeကတော့ အောက်ကိုဆင်းမလာ၍ အခန်းထဲအထိ ထမင်းပွဲပို့ခိုင်းလိုက်ပြီး ကောင်မလေးတွေပြန်ဆင်းလာတော့ အိပ်တော့မည်ဟုဆို၏။
ယူသွားသောထမင်းကိုတော့ တော်တော်လေး စားထားသောကြောင့် ကျေနပ်သွားရကာ သူမ,အိပ်နေပြီလားဆိုသည့်အတွေးဖြင့် Baeရှိနေသောသူ့အခန်းကို ရောက်လာခဲ့သည်။
တကယ်တမ်း ချာတိတ်မက မအိပ်သေးပါဘဲ ဝရံတာကနေ အပြင်ဘက်ကိုငေးပြီး ဘာတွေကြံစည်နေပြန်သလဲမသိ…

"အောက်ကို ခုန်ချမလို့ကြံနေတာလား"

အမှတ်တမဲ့မို့လန့်ဖျပ်သွားသော သူမက ရင်ဘတ်ကလေးကိုဖိကာ ဟွန့်ခနဲနှာခေါင်းရှုံ့ပြီး သူ့ကိုမျက်စောင်းပါထိုးသွားသေး၏။
အသည်းယားသွားမိ၍ ကိုယ်လုံးသေးသေးလေးကို ခါးကနေဖက်ထားလိုက်ပြီး နုအိနေသော ပါးဖောင်းဖောင်းလေးကို စိတ်ရှိလက်ရှိနမ်းမွှေးပစ်လိုက်သည်။

"မနမ်းနဲ့ ဖယ် လွှတ်.. လူယုတ်မာကြီး"

"မင်းကိုငါခိုးလာတာ ယုတ်မာချင်လို့လေ အလှကြည့်နေဖို့မှမဟုတ်တာ"

"ဟင့်အင်း ဖယ်ပေးဆို"

အတင်းပြန်ရုန်းနေသည့်သူမကို မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဆွဲလှည့်ပစ်လိုက်တော့ ခရာ ဘာမှမပြောတော့ဘဲ မော့ကြည့်လာသည်။
မိန်းကလေးဆန်ဆန်ပုံစံလေးကို ဘုရားသွားတုန်း တစ်ခါသာမြင်ဖူးခဲ့ပြီး အခုတစ်ခါဖြစ်ကာ အပြာရောင်ဂါဝန်လေးဖြင့် မိန်းကလေးဆန်ဆန်ပုံစံလေးက ဆံပင်တိုလေးတွေနှင့်မို့ သူမ ပိုပြီးချစ်စရာကောင်းနေသည်။

"ကိုကြီး ခရာ အိမ်ပြန်ချင်တယ်"

"မနက်ဖြန် လက်ထပ်စာချုပ်မှာလက်မှတ်ထိုးမယ် အဲ့ဒါပြီးရင် ပြန်လို့ရပြီ"

PlayersOù les histoires vivent. Découvrez maintenant