43

6.6K 295 17
                                    

💛 Players ( Part - 43 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

လူကြီးချင်းစကားပြောကြဖို့အတွက် ကို့ရဲ့မိဘတွေရော ကိုနဲ့ခရာပါ အိမ်ကိုပြန်ရောက်လာကြသောကြောင့် သွေး တိတ်တဆိတ်ဝမ်းနည်းရသေးသည်။
ကို့ပုံစံက ပျော်နေသလိုဖြင့် အက္ခရာကို အရိပ်တကြည့်ကြည့်လုပ်နေပြီး ရောက်ကတည်းက ခရာ့လက်ကလေးကို ကိုင်ထားတာလည်းမလွှတ်။

"တီချယ်မာမီ့ရဲ့သားက မိန်းကလေးကို အတင်းခေါ်လာတဲ့အတွက် သားရှင်အနေနဲ့ မောင်ထက်ကိုတောင်းပန်ပါရစေ"

ကို့ရဲ့အမေဆိုသည့်အမျိုးသမီးက စကားကိုရည်ရည်မွန်မွန်ပြောတတ်သလို အသက်အရွယ်ခန့်မှန်းမရအောင်နုပျိုလျက် ပုလဲတွေချည်းဝတ်ထား၍ မဟာဆန်နေ၏။
ကို့ရဲ့အဖေကတော့ လူကြီးလူကောင်းတစ်ယောက်လိုတည်ငြိမ်နေပြီး ကိုပြောခဲ့ဖူးသလို ခြံအလုပ် လုပ်သူ အလုပ်သမားခေါင်း၊ လေးလေးပြောခဲ့သလို မှောင်ခိုဘုရင်ဟုပင် ထင်ရက်စရာမရှိ။
ကို့ရဲ့တည်ငြိမ်လေးနက်မှုဟာ အဖေကိုသွားတူခြင်းဖြစ်ပြီး ဒီအဖေလိုရော ဩဇာအာဏာကြီးမားနေမလား…

"မဟုတ်တာပဲ တီချယ်မာမီရယ် သမီးကလည်းကြည်ဖြူလက်ခံပြီး လက်ထပ်ခဲ့ပြီးမှတော့ ဘယ်သူ့အပြစ်မှလို့မဆိုသာပါဘူး ကျွန်တော်က သမီးကိုလွတ်လပ်ခွင့်ပေးထားပြီးသားပါ သမီးရွေးချယ်ထားတဲ့သူကို လက်ခံပါတယ်
တီချယ်မာမီ့ရဲ့သားဖြစ်နေတော့ ပိုပြီးတော့တောင် ငြင်းစရာမရှိပါဘူး"

လေးလေးမင်းထက်ရဲ့စကားကြောင့် ခရာ့မျက်နှာလေး ပြုံးမြသွားသည်ကို သွေးတွေ့လိုက်သည်။
လေးလေးသည်လည်း ဟိုရက်တွေတုန်းက တရှူးရှူးဖြင့် ဒေါသတွေကြီးနေသလောက် ကို့မိဘဆီမှ ဖုန်းဆက်လာသည်နှင့် မီးကိုရေနဲ့ငြှိမ်းလိုက်သလို ချက်ချင်းပြောင်းလဲသွားသည်။

ထိုစဥ်ကဘာကြောင့်ရယ်လို့မသိခဲ့ပါဘဲ ပြီးမှသိရတာက ဒေါ်မှုန်းခြယ်ဆိုသူသည် ဖေဖေ့ကိုရော၊ လေးလေးကိုပါ ငယ်စဥ်တုန်းက စာသင်ပေးခဲ့ဖူးသည့် ဆရာမတစ်ဦးဖြစ်နေခဲ့သည်။
ဘယ်လိုရင်းနှီးခဲ့ကြသည့် ဆရာမမျိုးလဲတော့မသိပေမယ့် ဒေါ်မှုန်းခြယ်ဆိုသည်နှင့် လေးလေးက ခရာ့ကိစ္စကို ကြည်ဖြူသွားလေ၏။

PlayersWhere stories live. Discover now