40

5.4K 315 21
                                    

💛 Players ( Part -  40 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မမလေး မေမေကြီးပြန်ရောက်ပါပြီ"

မေမေကြီးဆိုတာ ဘယ်သူမှန်းမသိ၍ ခရာမျက်လုံးလေး ပြူးခနဲဖြစ်သွားစဉ် အခန်းတံခါးဝကို ရောက်လာသည့်အမျိုးသမီးကြီးတစ်ဦး။
မေးရိုးကျပုံနှင့်နှာတံပုံစံက ကိုကြီးတို့ညီအစ်ကိုနဲ့ ဆင်တူနေ၍ ဒါဟာ ကိုကြီးရဲ့အမေမှန်း ချက်ချင်းသိလိုက်သည်။
ပုလဲတွေချည်းဝတ်ထားသော ထိုအမျိုးသမီးဟာ အသက်အရွယ်ကို မခန့်မှန်းနိုင်လောက်အောင် နုပျိုနေပြီး ခရာ့ကိုနွေးနွေးထွေးထွေးပြုံးပြနေသည်။
ခရာသိသလောက်တော့ ကိုကြီးရဲ့အမေက အငြိမ်းစားကျောင်းဆရာမ တဲ့...

"ဟို.. မေကြီး"

"အင်း ငါ့သမီးက အက္ခရာဆို"

ခရာ ဟုတ်ခနဲခေါင်းညိတ်ပြလိုက်တော့ နောက်ထပ်ရောက်လာသူက ဦးလေးကြီးတစ်ယောက်ဖြစ်ကာ အရပ်အမောင်း၊ သွားလာပုံကအစ ကိုကြီးနဲ့တူလွန်း၍ ကိုကြီးရဲ့အဖေဆိုတာ မေးဖို့မလိုချေ။
သို့သော် ဒီဦးလေးကြီးက ကိုကြီးထက် ကိုကြီးရဲ့အစ်ကိုနဲ့ပိုတူပြီး ကိုထက်ဘုန်းလျှံလို အရှိန်အဝါတမျိုးဖြင့် ကြည့်မိသူတိုင်း ရှိန်သွားရလောက်သည့်လူမျိုးဖြစ်သည်။

"ဟို.. မေကြီးတို့က ခေါ်ခိုင်းလိုက်တာတော့မဟုတ်ဘူး ခရာက လူငယ်ဖြစ်နေပြီး.."

"မဟုတ်ပါဘူးကွယ် သမီးလေးကြောက်နေမှာစိုးလို့ အမေကိုယ်တိုင်လိုက်လာတာ သားငယ်က အတင်းခေါ်လာတာဆို"

"ရှင်!!.. ဟုတ်"

"အဲ့ဒါပဲကြည့်တော့ ကိုဘုန်းရဲ့သားတွေက ကိုဘုန်းလိုပဲ တစ်ဖက်ကဘာဖြစ်နေနေ သူလုပ်ချင်တာကိုပဲ ဇွတ်လုပ်ရမှ"

"ငါ့သားပဲ မိန်းမရယ် ဒီလောက်တော့ရှိမှာပေါ့"

ဦးလေးကြီး၏မှတ်ချက်ကြောင့် ခရာ ရှက်ရှက်နှင့်ရယ်လိုက်သည့်အခါ ကိုကြီးရဲ့အမေက လက်ထဲပါလာသည့်ဘူးတစ်ဘူးကို ခရာ့ဆီကမ်းပေးကာ...

"ညနေကျရင် တရားသူကြီးလာလိမ့်မယ် သမီးတို့လက်မှတ်ထိုးရအောင်လို့လေ ဒါလေးတွေဝတ်ခဲ့နော် ဒေါ်မှုန်းခြယ်ရဲ့ချွေးမက မှေးမှိန်နေလို့မဖြစ်ဘူး"

PlayersNơi câu chuyện tồn tại. Hãy khám phá bây giờ