47

7.6K 309 16
                                    

💛 Players ( Part - 47 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ညပိုင်းပွဲက လူငယ်တွေရဲ့အချိန်မို့ ဗရုတ်သုတ်ခနိုင်သောအုပ်စုဖြစ်သည့် ခရာတို့အုပ်စုအကြိုက်ဖြစ်သည်။
ညပိုင်းမှာ လူကြီးတွေထက် လူလတ်ပိုင်းနှင့်လူငယ်တွေသာများတာမို့ ကိုက Barလေးတစ်ခုစီစဥ်ပေးထားကာ မနက်ကမင်္ဂလာပွဲအခမ်းအနားရော၊ အခုအခမ်းအနားတစ်ခုလုံးပါ လုံးဝ Perfect...

"အားမနာနဲ့နော် လိုတာရှိရင်ပြော"

"ဘီယာပဲလိုတာ ဆရာသမား"

"ချဗျာ ကိုယ့်လူတို့အကြိုက်ပဲ မူးပြီးမှောက်သွားရင် ပြန်ပို့ပေးဖို့ Busတောင်စီစဥ်ပေးထားတယ်"

ရင်းနှီးသောအသံကြောင့် သွေး လှည့်ကြည့်မိတော့ ကိုသည် Westernဝတ်စုံပြည့်ဖြင့် အရင်ကထက်ပိုပြီးကြည့်ကောင်းနေသလို ပုံစံနည်းနည်းပြောင်းသွားသည်ဟုလည်း ထင်မိ၏။
သူ့ပုံစံဟာ ဘယ်တုန်းကမှ ညှိုးနွမ်းမနေခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ လုပ်ငန်းရှင်တစ်ယောက်လို၊ သူဌေးတစ်ယောက်လို ထည်ဝါနေခဲ့သည်။
တကယ်ဆို ခရာပြောခဲ့သည့်အတိုင်း သူ့နာမည်၊ သူ့ပုံစံဟာ မှေးမှိန်မနေခဲ့သည်က ဒီလိုလျှို့ဝှက်ချက်တွေကြောင့်ဖြစ်ပြီး သူမကရော ခရာ့လို ဘာကြောင့်မသိခဲ့တာလဲ…

"မတွေ့တာတောင်ကြာပြီနော်"

ရှန်ပိန်ခွက်ကိုကိုင်မြှောက်ပြီး နှုတ်ဆက်လိုက်သောသွေးရဲ့နှုတ်ဆက်စကားကြောင့် ကိုက သွေးကိုစေ့စေ့ကြည့်ကာ စကားမပြောဘဲ ခေါင်းညိတ်ပြသည်။
ထိုအကြည့်တွေဆီက သွေးအတွက်တစ်စုံတစ်ခုကို မျှော်လင့်မိပေမယ့် ကို့အကြည့်တွေဟာ သွေးကို မုန်းတီးရွံရှာသောအကြည့်တွေဖြစ်နေဆဲ။
အက္ခရာကတော့ ချောနှင့်မင်းဆက်စံတို့နှစ်ယောက် တစ်ခွက်ပြီးတစ်ခွက်ပြိုင်သောက်နေသည်ကိုကြည့်ကာ ကို့ဘေးမှာပါမလာတာမို့ မဲ့ပြုံး ပြုံးပြလိုက်သည်။

"ကိုက ရွေးမယ့်ရွေးတော့လည်း ကိုယ့်ထက် သူငယ်ချင်းတွေဆီ ပိုကပ်တဲ့လူမျိုးကို ရွေးသွားတာပဲ"

သွေးရဲ့ခနဲ့စကားကြောင့် ကိုက ရယ်မောဆူညံနေသော ခရာတို့အုပ်စုကိုလှည့်ကြည့်ကာ သွေးကိုခေါင်းအစခြေအဆုံး စေ့စေ့ပြန်ကြည့်ရင်း ပြုံးပြန်သည်။
အေးစက်လွန်းသောထိုအပြုံးက သွေးရင်ထဲကို စိမ့်ခနဲဖြစ်သွားသလို သူ ဘာပြောဦးမလဲဆိုသည့် ခြောက်ခြားသောအတွေးက ဆက်တိုက်။

PlayersDonde viven las historias. Descúbrelo ahora