42 Unicode

7.3K 335 56
                                    

💛 Players ( Part - 42 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"Bae အိပ်နေပြီလား"

အိပ်ယာပေါ်ခွေခွေလေး အိပ်နေသော ခရာ့ကို ပခုံးလေးလှုပ်နှိုးလိုက်တော့ ခရာကထထိုင်လိုက်သည်မှာ ခေါင်းစုတ်ဖွားလေးဖြင့်။
ဖဲသားညဝတ်အင်္ကျီတွေ မဝတ်ချင် ဟု ဂျီကျထား၍ သေချာရှာဝယ်ပေးထားသော ဂါဝန်ပျော့လေးတစ်ထည်ဝတ်ထားပြီး ခါးမှာဖဲကြိုးလေးပါသောကြောင့် ကလေးနဲ့ပိုတူလေသည်။

"မင်း ဖုန်းဆက်ချင်ရင်ဆက်"

ဖုန်းလှမ်းပေးလိုက်သည်နှင့် Baeမျက်နှာလေးဝင်းပသွားကာ သူ့အနားကိုလှစ်ခနဲရောက်လာပြီး လက်ထဲကဖုန်းကိုဆွဲယူသည်။
နှိပ်လိုက်သည့်ဂဏန်းတွေကလည်း အများကြီးပဲမို့ Overseaဖုန်းမှန်း သိလိုက်ကာ လွတ်လွတ်လပ်လပ်ဖုန်းပြောစေချင်၍ သူက Baeနဲ့ခပ်လှမ်းလှမ်းကို ထွက်လာခဲ့သည်။

"ဖေကြီး ခရာပြောတာ နားထောင်ပေးပါဦး"

ဒီတစ်ခါတော့ ဖေကြီးဆိုပါလား...
Baeဖုန်းပြောနေချိန် သူက ကုမ္ပဏီကပို့ပေးထားသည့် mailတွေကိုစစ်ဆေးကြည့်ရင်း Min Groupကိုဖြိုချဖို့ အဆင်သင့်ဖြစ်ပြီမှန်း သိလိုက်ရသည်။
ဝှက်ဖဲတစ်ချပ် ထုတ်သုံးလိုက်ရုံဖြင့် ဖြိုချလို့ရပေမယ့် Baeနဲ့လက်ထပ်ဖို့ရှိသေးတာမို့ အချိန်ခဏဆွဲထားချင်ကြောင်း အစ်ကို့ကိုပြန်ပြောတော့ အစ်ကိုက လက်ခံပြီး အချိန်တစ်လထပ်ပေး၏။

"နှစ်ပတ်ဆိုရတယ် အစ်ကို"

နှစ်ပတ်အတွင်း မင်္ဂလာကိစ္စကိုရော၊ အလုပ်ကိစ္စကိုပါ အားလုံးစီစဥ်ရမည်မို့ အချိန်ထပ်ဆွဲမနေတော့ဘဲ မနက်ဖြန် မြေပြန့်ကိုဆင်းဖို့ ဆုံးဖြတ်လိုက်သည်။
ကုမ္ပဏီဒါရိုက်တာတွေနှင့် အရာရှိတွေကို စာပို့အပြီးမှာ ဖုန်းပြောပြီးပြီဖြစ်သော Baeက သူ့အနားပြန်ရောက်လာကာ...

"ကိုကြီး"

"မင်းအဖေက တော်တော်လေးမှ ဆူလိုက်ရဲ့လား"

"ဟင့်အင်း မဆူပါဘူး ကိုကြီးရဲ့မိဘတွေ ဖုန်းဆက်ထားတယ်လို့ပြောတယ် ဖေကြီးကလေ သူ့ရဲ့တီချယ်မာမီအကြောင်း အမြဲပြောပြတယ်သိလား ဖေကြီးတို့ငယ်ငယ်ကဆို တီချယ်မာမီ့လက်ပေါ်မှာပဲ ကြီးခဲ့ရတာတဲ့ အမြဲတမ်းလည်း ရည်မှန်းပြီးကန်တော့တယ်
အဲ့ဒီတီချယ်မာမီကို ကိုကြီးရဲ့အမေလို့ထင်မထားမိတာတစ်ခုပဲ ဟွန့်!... ထောင့်စေ့လိုက်တာ"

PlayersWhere stories live. Discover now