Part 8

2.6K 451 143
                                    

Unicode~

"အိပ်မက်ဆိုး​တွေမက်​နေခဲ့တာလား ချာတိတ်"

"ခင်ဗျားလည်း ကျုပ်ကို မယုံဘူးမလား"

"ဘာလို့မယုံရမှာလဲ ချာတိတ်ရယ်"

တရှိုက်ရှိုက် ငိုသံကြားက ဟက်ခနဲရယ်သံကို ကြားရသည်။ သူကျွန်​တော့်ရင်ခွင်ထဲက ရုန်းထွက်သည်။
တအီအီငို​နေတဲ့ ချာတိတ်​လေးမဟုတ်​တော့၊ ​သွေး​အေး​အေး Kim Taehyung ဖြစ်သွား​​လေပြီ။

"ခင်ဗျား ဘာလို့ ဘာမှမ​ပြောခဲ့တာလဲ"

"ဘာကိုလဲ ချာတိတ်"

"ကျုပ်နဲ့ အဲ့ဒီအမျိုးသမီး​တွေ အဆင်မ​ပြေတာ ခင်ဗျား​ကောင်း​ကောင်းသိခဲ့တယ် Jeon JungKook"

"အန်ကယ် Aiden ကို ကိုယ်ငြင်းလို့မှမရဘဲ"

ချာတိတ်က ကျွန်​တော့်လက်ထဲက သံပရာရည်ခွက်ကို ယူပြီး တစ်ကျိုက်တည်း ​သောက်လိုက်သည်။
ကျွန်​တော့်ရင်ခွင်ထဲ ရှိုက်ကြီးတငင်ငို​​ကြွေး​နေခဲ့တာ သူမဟုတ်သလို ကျွန်​တော့်ကို မကြည်ဖြူ​​တော့။

နှင်းဆီက မ​သွေးရ​သေးတဲ့ ကြမ်းရှရှစိန်ပွင့်တစ်ပွင့်လို ဆူးဝှက်ထားတဲ့ နှင်းဆီငယ်... အကိုင်အတွယ်မတက်လျှင် ပွန်းပဲ့ထိခိုက်သူက ကိုယ်တွယ်သူကိုယ်တိုင် ဖြစ်လိမ့်မည်။

"​နောက်​နေ့ကစပြီး ကုန်​​လှောင်ရုံမှာ စာရင်းစစ်ပြီးတာနဲ့ အိမ်ပြန်လာ"

"ကိုယ့်ကို ထိန်းချုပ်ဖို့ကြံ​နေတာလား ချာတိတ်"

ဖြစ်နိုင်ရင် လက်ထဲက ဖန်ခွက်နဲ့ Jeonကို ​ကောင်​ပေါက်ပစ်ချင်သည်။ သူ့ပုံစံက မထီမဲ့မြင်။ ပြုံး​နေတာက ခပ်မဲ့မဲ့။ သူ့ကိုယ်သူ နှင်းဆီမြိုင်ကို ပိုင်ထားသကဲ့သို့...ဒါမှမဟုတ် ကိုယ့်ကို ဩဇာလွှမ်းခြုံထားနိုင်သလိုအပြုံး။
ဒီလူကိုမှ စွဲလမ်းမိ​နေတဲ့ ကိုယ့်စိတ်ကိုယ်လည်း အပြန်တစ်ရာ အံ့ဩသည်။
ဒီလူက ကိုယ့်အပိုင်အဖြစ်မခံသည့်တိုင် ကိုယ်က ဒီလူကို စွဲလမ်း​နေသည်။

"ခင်ဗျားထင်ချင်သလို ထင်နိုင်တယ် Mr. Jeon. ခင်ဗျား ဇိမ်မယ်​တွေနဲ့ တွဲသွားတွဲလာလုပ်​နေတာမျိုး ကျုပ်ဆက်သည်းမခံနိုင်ဘူး"

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now