Unicode~ (Slight Warning)
"Jeon...စကားနည်းနည်းပြောလို့ရမလား"
သရက်ထည်ဂါဝန်ဖရိုမရဲနဲ့ ကုန်လှောင်ရုံးထိ ရောက်လာသော Suzan.
ဂါဝန်အနားသတ်တွေက ဖုန်စဖုန်နတွေ ပေကျံနေသည်။Suzanဟာ သူ့သိက္ခါကို လူကြားသူကြားထဲ ကုန်းကောက်စရာမရှိအောင် လုပ်ခဲ့သူမို့ အခုလို တွေ့ရတာ အမောမပြေဖြစ်လှသည်။
သူအခုမှ အိမ်ထိချာတိတ်ကိုပို့ပြီး ကုန်လှောင်ရုံသို့ ရောက်လာစပင်ရှိသေး... Suzanနဲ့ မတွေ့ချင်၊ မျက်နှာချင်း မဆိုင်ချင်။"ကိုယ်အချိန်သိပ်မရဘူး Suzan"
"သိပ်မကြာစေရပါဘူး Jeon"
"လိုရင်းကိုပြော... ကိုယ့်မှာ အလုပ်တွေရှိတယ်"
"အခုချိန် Suzanကို စကားမပြောချင်မှန်း သိပါတယ်လေ။ Jeonအပေါ်မှာ Suzan တကယ်ကို အားနာစိတ်ဖြစ်ရပါတယ်"
မျက်ရည်တစမ်းစမ်းနဲ့ Suzanကို သူမသနားနိုင်၊ ဒီမိန်းကလေးလုပ်လိုက်တာ ချာတိတ်ကို ဘယ်လောက်ထိ စိတ်ပင်ပန်းစေလိုက်သလဲ။
ချာတိတ်စိတ်မပင်ပန်းအောင် ကြိုးစားနေခဲ့သူမို့ အထိအခိုက်နည်းနည်းမှ မခံစေချင်ပါ။"ကိုယ်ပွင့်ပွင့်လင်းလင်းပြောရရင် Suzanကို မျက်နှာချင်းဆိုင်ချင်စိတ်ကို မရှိတာ"
"ဟင့်...Suzan အမှားတွေပါ Suzan စိတ်လိုက်မာန်ပါလုပ်လိုက်မိတာ"
"ကိုယ်စိတ်လိုက်မာန်ပါလုပ်တဲ့အမျိုးသမီးတွေဆို အထင်သေးတယ် Suzan"
Suzan သရုပ်ဆောင်ကောင်းကောင်းဖြင့် မျက်ရည်တစမ်းစမ်းနဲ့ သနားစဖွယ် မိန်းကလေးအသွင်ပြောင်းသည်။
အခုချိန် ခိုကိုးရာမဲ့ မိန်းကလေးတစ်ယောက်၊ Taehyungကို ကြောက်နေရသော မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အရေးကြီးသည်။"Suzanလေ ကြောက်လို့ပါ။ Taehyungကို တကယ်ကြောက်နေမိတာ၊ Taehyung ကလေ..."
"Taehyung အကြောင်း သွေးထိုးဖို့ဆို ပြန်လိုက်တာကောင်းမယ်၊ ကိုယ် သူ့နှုတ်က ထွက်တာမဟုတ်ရင် ဘာကိုမှ မယုံနိုင်ဘူး"
"Jeon မယုံလို့မရဘူး။ သူ့အနား ဆက်နေရင် Jeonပါ အန္တရာယ်ရှိလာလိမ့်မယ်။
သူက Joannaရဲ့ မောင်လေးကို ၇နှစ်သားတည်းက သတ်ခဲ့တာ Jeonသိရဲ့လား။
Kim Taehyungက လူသတ်သမား Jeonရဲ့ လူသတ်..."
YOU ARE READING
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
FanfictionTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...