Part 16

2.3K 411 97
                                    

Unicode~

​ဆေးရုံကို ပြန်လာတဲ့တ​လျှောက် Suzan ​သွေး​တွေ ဆူပွက်​နေသည်။
Taehyungဟာ သူ့ကိုလည်း ​စော်ကားသည်၊ ​တောင်ပိုင်းပြည်နယ်တပ်သား​တွေကိုလည်း ​စော်ကားသည်၊ သီးခြားပြည်နယ်ခွဲထွက်​တဲ့အ​ရေး​တော်ပုံကြီးကိုလည်း ​စော်ကားသည်။

"Suzan.. သမီးဘာဖြစ်လာတာလဲ"

"အိမ်မှာ ပြဿ​နာ​လေး​နည်းနည်းဖြစ်လာလို့ပါ ​​ဒေါ်​ဒေါ်"

"​အေးကွယ်...သမီးက မျက်နှာမ​ကောင်း​တော့။ ဟိုမှာ လူနာ​တွေ​ရောက်​နေတယ် သွားလိုက်ဦးသမီး"

​ဆေးရုံက ​နေရာမ​လောက်မင။ တချို့​ခြေပြတ်လက်ပြတ်လူနာ​တွေအတွက် ထားစရာမရှိလို့ ကြမ်းပြင်မှာ အခင်းနဲ့ ထားရသည်။
​သွေးညှီနံ့​တွေလည်း ရသည်။
တချို့လူနာ​တွေမှာ ပါးစပ်တဟဟနဲ့ ညည်း​နေကြသည်။
​ဆေးရုံက ထုံ​ဆေးမ​လောက်၊ အနာသက်သာဖို့ ဘိန်းမရှိ။ အရာရာကပ်ဆိုက်​နေသည်။

"နာ..နာတယ်"

ငုံးတိဖြစ်​နေ​​သော စစ်သားရဲ့ ​ခြေ​ထောက်ကို စီးပေးရင်း ညည်းညူသံ​တွေကို ​ဒေါသထွက်လာသည်။
သူ့ခမျာ စိတ်​ရောကိုယ်ပါ တက်အားသ​ရွေ့ အ​ရေး​တော်ပုံအတွက် ​ပေးဆပ်​နေရသည်။

ဒီ​လောက်လုပ်​ပေး​နေပြီး ဘာမဟုတ်တဲ့ Kim Taehyung ဆီက '​ပျော်​တော်ဆက်' ဆိုတဲ့ စကားကို ရခဲ့တာ နည်းနည်းမှ မ​ကျေနပ်။

"အား....​သေပါပြီ!"

ပတ်တီးစည်း​ပေး​နေရတဲ့ စစ်သားက ထ​အော်သည်။ လုပ်အား​ပေး​နေတဲ့ တခြားအမျိုးသမီး​တွေပါ လှည့်ကြည့်လာသည်​။

"သမီး ဘာဖြစ်​နေလဲ ​ဒေါ်​ဒေါ့်ကို​ပြော"

"ရှင်..."

"သမီးကြည့်ရတာ စိတ်က အလိုမကျဘဲ တခြားကို ​​ရောက်​နေလို့။ ဘာလဲ ​​ဒေါ်​ဒေါ့်ကို ရင်ဖွင့်​လေ"

ထိုအ​ဒေါ်ကြီးကို Suzanသိသည်။ အပျိုကြီးတစ်​ယောက်ဖြစ်ပြီး အတ္တလန်တာက အပျို​လေး​တွေအ​ပေါ် ​ဩဇာလွှမ်းမိုးသည်။ အမြင်မ​တော်လျှင် ဆုံးမသည်။
ပါးစပ်ဖွာပြီး စပ်စုတတ်သည်။

"Suzan ဒီတိုင်းစိတ်ရှုပ်စရာကြုံလာလို့ပါ ​ဒေါ်​ဒေါ်"

"တစ်​ယောက်တည်း မြိုသိပ်မထားပါနဲ့ သမီးရယ်"

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now