Part 26

2.3K 398 60
                                    

Unicode~

​နောက်​​နေ့မနက် ထမင်းချက်ကြီး ဈေးခြင်း​တောင်းဆွဲကာ ပြန်လာ​တော့ သတင်းတစ်ခုခုပါလာသ​လို ​ရေးကြီးသုတ်ပျာ။

နှုတ်ခမ်းမဲမဲ​တွေက ​ထော်လန်​နေပြီး ၀ဖိုင့်ဖိုင့်ခန္ဓါကိုယ်ကြီးကို သယ်ကာ ​အ​လောသုံးဆယ်ဖြစ်​နေသည်။

"သတင်းထူး သတင်းထူး"

"ဘာသတင်းလဲ"

ထုံးစံအတိုင်း ဇာပန်းနဲ့ လက်နဲ့မပြတ်တဲ့ Joannaက ထ​မေးသည်။
အ​ဒေါ်ကြီးမျက်နှာက​တော့ သတင်းဦးသတင်းထူးကို ​​ပြောရမည်ဖြစ်၍ ဂုဏ်ယူဝင့်ကြွား​နေဟန်။

"ဂတ်တီစဘတ်မှာ တိုက်ပွဲ​တွေစ​နေပြီ အကြီးအကျယ်ပဲတဲ့။ ပြည်တွင်းစစ်တိုက်ပွဲထဲ အကြီးဆုံးလို့​တောင် ​ပြောရမယ်။

အဲ..အဲတာ Mr. Jeonကလည်း အဲ့မှာဆိုလို့.."

Taehyung သတင်းစာဖတ်​နေရင်း ရပ်သွားသည်။ ပန်ဆယ်​ဗေးနီးယားမှာ Jeonရှိတယ်ဆိုတာ ပါးစပ်က ​တွေ့ကရာ​ပေါက်ကရ​ပြောမိခြင်း။
ဒါကို အ​ဒေါ်ကြီးကအတည်ထင်​နေပုံရသည်။

ပါးစပ်က​တွေ့ကရာ​ပြောခဲ့တာဆို​ပေမယ့် သူရင်တလှပ်လှပ်ဖြစ်​နေသည်။
Jeonဟာ ​မြောက်ပိုင်းမှာ၊ ဝါရှင်တန်မှာရှိလိမ့်မယ်လို့ တစ်ထစ်ချယုံကြည်ထား​ပေမယ့် သူ့နှုတ်ကထွက်သလို ပန်ဆယ်​ဗေးနီးယားတပ်ထဲ ​ရောက်​​နေတာ အဟုတ်သာဖြစ်ခဲ့မယ်ဆိုလျှင်..။

"ကျုပ်​လျှောက်​ပြောလိုက်တာပါ။ သူက ​လုံခြုံတဲ့ တစ်​နေရာမှာ ရှိပါလိမ့်မယ်"

ထို​​​နေ့တစ်​နေ့လုံး Taehyungတစ်​ယောက် ငူငူငိုင်ငိုင်။
Jeonရှိတဲ့ ကမ္ဘာကြီးရဲ့ တစ်​ထောင့်တစ်​နေရာက ​အေးချမ်းပါ​စေ​တော့။

မ​ကောင်း​သော နိမိတ်​တွေချည်း ကြီးစိုး​နေရင်းက စားလို့လည်းမ​ဝင်သ​လို ဘာအလုပ်မှလည်း စိတ်​ဖြောင့်​ဖြောင့်မလုပ်နိုင်။
သတင်းစာဖတ်လျှင် တစ်မျက်နှာမကုန်ခင်ဘဲ Jeon ဆီ စိတ်​ရောက်သွားပြန်သည်။

Jeonကို ပြန်လိုချင်လိုက်တာ...။
က​လေး​တွေလို ငိုယိုပြီး​တောင်းသမျှ အလိုလိုက်ပြီး ဖြည့်ဆည်း​ပေးမယ့်လူကြီးတစ်​ယောက်ရှိရင် သိပ်​ကောင်းမှာပဲ။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Tempat cerita menjadi hidup. Temukan sekarang