Part 22

2.2K 373 42
                                    

Unicode~

"​ဟော့​တော်! ဘယ်လိုဖြစ်လာတာလဲ။ ​​ဘောင်းဘီ​အောက်​ခြေမှာလည်း ဗွက်​တွေချည်းပဲ"

သူစိတ်နဲ့လူနဲ့ ကပ်မ​နေ။
မိုးရွာလို့ဗွက်ထ​နေ​သော ချိုင့်ခွက်​တွေ​ပေါ် လှည်း​တွေ​မောင်းသွားရင်း သူ့ဆီ​ပေကျံလာတာ​တွေကိုလည်း သတိမထားမိ။

အိမ်​ရောက်ချိန်ကျ သူ့နှုတ်ခမ်း​တွေ ဖြူစုတ်ပြီး ​သွေးမရှိသလို ဖြစ်​နေ​တော့သည်။
​ခေါင်းထဲ တရိပ်ရိပ်မူးတက်လာပြီး သူ့ကမ္ဘာကြီးက ချာချာလည်​နေသည်။

"ခင်ဗျား ​နေမ​ကောင်းဘူးလား။ နှုတ်ခမ်း​တွေလည်း ဖြူ​နေတယ်...ဟာ လုပ်ကြပါဦး"

အိမ်​​ပေါက်ဝမှာ စကား​ပြော​​နေရင်း လဲကျသွားပါ​သော Jeon JungKook.
Taehyungက အ​ပြေး​လေးထိန်းလိုက်သည်။
သန်သန်စွမ်းစွမ်းခန္ဓါကိုယ်ကြီးက ​ပျော့​ခွေပြီး ဖြူဖတ်​ဖြူ​ရော်​ဖြစ်​နေတာမို့ Taehyungစိတ်ပူသွားသည်။

"Jeon JungKook! ထပါဦး! ဦး​လေးကြီး လာသယ်ကူပါဦး အခန်းထဲပို့ရ​အောင်။ ဟိုက​လေးမ ဆရာ​ဝန်သွား​ခေါ်​ပေးပါဦး ဒီမှာ နှုတ်ခမ်း​တွေဖြူ​နေပြီ"

Taehyung စိတ်ပူလွန်းလို့ ​​ခြေမကိုင်မိလက်မကိုင်မိ​တွေပါ ဖြစ်လာသည်။
​​​ချွေးစီး​တွေ တပြိုက်ပြိုက်ကျပြီး တုန်တုန်ရီရီဖြစ်သည်အထိ။

"မြန်မြန်လုပ်စမ်းပါ ဦး​လေးကြီးရယ်။ ကျွန်​တော်စိတ်ပူလိုက်တာ။ ဆရာဝန်ကလည်း မလာ​သေးဘူးလား"

"လာ​တော့မှာပါ သခင်​လေး။ Mr. Jeonက အားနည်းလို့ ဖြစ်သွားတာပါ သိပ်စိတ်မပူပါနဲ့ဦး"

"မပူလို့ရမလား။ သူတစ်ခါမှ​တောင် ဖြစ်ဖူးတာ မဟုတ်ဘူး​လေ။ အ​ရေးထဲ ဆရာဝန်ကလည်း ကြာလိုက်တာ"

ကပ္ပလီအိမ်​​စေ​တွေဆိုသည်မှာလည်း နာမည်ကသာ အိမ်​စေ၊ ​နေထိုင်မ​ကောင်းဖြစ်ရင် သခင်​တွေက ပြန်ကြည့်​ပေးရတာခံရတဲ့ အခွင့်ထူခံ​တွေ။
သူတို့ပြုစုရမယ့်အလှည့်ဆို ​ခြေမကိုင်မိလက်မကိုင်မိ ပျာယာခတ်​နေကြတာ မြင်လို့ပင်မ​ကောင်း။

"အ​ဒေါ်ကြီး! ​ရေပတ်တိုက်ဖို့ ယူခိုင်းတာ မရ​သေးဘူးလား"

"လာပါပြီ သခင်​လေး"

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now