🌠2🌠

3.3K 230 16
                                    

Unicode

ထယ်ယောင်းသည် သူနဲ့ စိမ်းသက်လွန်းတဲ့ ​ေနရာကြောင့် အိမ်မက်မက်နေတယ်လို့ ထင်ကာ ကိုယ့်ပေါင်ကို ဆွဲလိမ်ကြည့်သောလဲ... ။

"အာ့...နာလိုက်တာ အိမ်မက်မဟုတ်ဘူးဘဲ..."

ထယ်ယောင်းသည် အိမ်မက်မဟုတ်တာကြောင့် မျက်ရည်စလေးပင် စို့ချင်လာလေသည်။

"မယ်မယ် ဘယ်နားအဆင်မပြေဖြစ်လို့လဲဟင်..."

"ငါ ဘယ်ရောက်နေတာလဲ??..ပြီးတော့ ဘယ်ဘုရင်အုပ်ချုပ်တဲ့ခေတ်လဲ..."

ထယ်ယောင်း.အမေးကြောင့် အပျိုတော်လေးတွေထဲက တစ်ယောက်က သမားတော်ကို ပင့်ခိုင်းလိုက်သည်ကို ထယ်ယောင်းတွေ့လိုက်ရသည်။

"ဂျွန်ဘုရင် အုပ်ချုပ်တဲ့ခေတ်ပါ မယ်မယ်...ပြီးတော့ မယ်မယ်အခုရောက်နေတာ...ဂျိုဆွန်းမှာပါ မယ်မယ်..."

ရိုသေမှုရှိစွာ ပြောလာသော ေကာင်မလေးက သူ့ကိုဘာလို့ မယ််မယ်ခေါ်လဲ သိချင်ပါသည်။

သူကယောက်ကျားလေးလေ အဲ့ဒါကိုဘာလို့မယ်မယ် ခေါ်လဲ သိရမှဖြစ်မယ်...။

"အဲ့ဒါဆို မင်းက ငါ့ကုန ဘာလို့ မယ်မယ်လို့ခေါ်ရတာလဲ..."

"မယ်မယ်က မင်းကြီးရဲ့ တတိယမြောက် ကြင်ယာတော်ပါ...အဲ့ဒါကြောင့် မယ်မယ်လို့ခေါ်တာပါ..."

"ဘာ!!!..."

ထယ်ယောင်းအော်သံကြောင့် ထယ်ယောင်းအရှေ့က အပျိုတော်လေးမှာ ခနာကိုယ်ကျုံ့ကာလန့်သွားလေသည်။

မဖြစ်နိုင်တာ သူကယောက်ကျားလေးလေ ဘယ်လိုလုပ် ကြင်ယာတော်ဖြစ်မှာလဲ...??။

မဟုတ်မှ သူကဂျွန်ဘုရင်ရဲ့ ကြင်ယာတော် မိန်းခလေးကိုယ်ထဲ ဝင်လာတာလား...??အဲ့ဒါအရေးမကြီးဘူး သူကယောက်ကျားလေးလေ ဂျွန်ဘုရင်ကမသိဘူးလား....။

ထယ်ယောင်းတွေးလေ ခေါင်းရှုပ်လေမို့ သူ့ခေါင်းအနားပေးရန် စဉ်းစားလိုက်သည်။

မကြာခင်မှာဘဲ သမားတော်ဆိုသော အဘိုးကြီးတစ်ယောက်ရောက်လာကာ လက်ကသွေးခုန်နှုန်းစမ်းပြီး ခေါင်းအားကိုင်ကြည့်လေသည်။

"ကျွန်တော်မျိုး...မယ်မယ့်ကို စမ်းကြည့်တာတော့ပုံမှန်ဘာပဲ ဒါပေမဲ့ မယ်မယ်က အရင်ကအကြောင်းတွေမမှတ်မိတော့ဘူးလား..."

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now