🌠8🌠

2.8K 207 57
                                    

Unicode

ထယ်ယောင်း ဂျိုဆွန်းခေတ်ကို ရောက်နေသည်မှာ ခန့်မှန်းခြေ နှစ်လလောက်ရှိနေပြီ ဖြစ်သည်။

အခုထိတော့ လူတိုင်းနဲ့ အဆင်ပြေနေပြီး ဟယ်ဂျင်းနဲ့လဲ တည့်သလို ဂျီဟိုနဲ့လဲ တည့်သည်။

မတည့်တာဆိုလို့ အရှင်ဂျွန်သာ ရှိပါသည်။

အရှင်ဂျွန်သည် ထယ်ယောင်းကို အခန်းထဲက အပြင်မထွက်ခိုင်းပါ...။

ညစျေးသွားပြီးတဲ့နေ့ထဲကဆို တစ်ပတ်လောက်ရှိပြီဖြစ်သည်။

အကြောင်းအရင်းကိုလဲ မသိရပါဘဲ ဘလိုင်းကြီး အပြင်မထွက်ခိုင်းတာဖြစ်သည်။

ဒါတော့ ဒီဘုရင် တဆိတ်တော့ အရမ်းလွန်နေပြီမလား...။

ထယ်ယောင်းမှာ အိမ်ထဲမှာ ခြေငြိမ်ပြီး နေတက်တဲ့ သူမဟုတ်ပါ... အဲ့ဒါကြောင့် ထယ်ယောင်း ခိုးထွက်ရန် စဉ်းစားမိလေသည်။

ဂျီဟိုနဲ့ ဟယ်ဂျင်း နဲ့လဲ မတွေ့ရတာ ကြာနေပြီဖြစ်သည်။

ထမင်စားခန်းထဲပါ မလာခိုင်းတော့ သောကြောင့်ဖြစ်သည်။

"မယ်မယ်...ဟယ်ဂျင်းမယ်မယ်... အလည်လာကြောင်းပါ..."

ထယ်ယောင်းတစ်ယောက် စဉ်းစားခန်း ထွင့်နေတုန်း အထိန်းတော်ကြီးအသံကြောင့် ပျော်သွမိလေသည်။

ဟယ်ဂျင်းလာတော့ သူအဖော်ရတော့ မဟုတ်တောင် သူပျင်းနေတာလေ...။

"ဝင်ခိုင်းလိုက်နော်..."

"ထယ်ယောင်း ငါလာတာ အနှောက်အယှက်ဖြစ်သွားလားဟင်..."

"မဖြစ်ပါဘူးနော်...မဟုတ်တောင် ငါက နင်တို့ကို မျှော်နေတာ...အရှင်က ငါ့ကို အပြင်ထွက်ခွင့် ပိတ်ထားလို့လေ..."

"ပျင်းနေမှာဘဲ...ငါ့အဆောင်ကို လိုက်ခဲ့မလား..."

"အင်း...ဒါနဲ့ ဂျီဟိုကကော..."

"ဂျီဟိုက ဟယ်ဂျင်း အဆောင်မှာ စောင့်နေတယ်..."

"အင်း ဒါဆိုလဲ သွားကြတာပေါ့... "

ထယ်ယောင်းလဲ အထိန်းတော်ကြီးကို ထားခဲ့ကာ ဟယ်ဂျင်းအနောက်သို့ လိုက်သွားလေသည်။

" ထယ်ယောင်း..."

လမ်းလျှောက်နေရင်း ရုတ်တရက် ဟယ်ဂျင်းက ခေါ်သောကြောင့်...။

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now