🌠4🌠

2.9K 202 20
                                    

Unicode

ဂျီဟိုနဲ့ ထယ်ယောင်းမှာ အခုထိ ​ပန်းတွေလိုက်ပတ်ကြည့်နေတုန်း ဖြစ်ကာ ထယ်ယောင်းမှ ဂျီဟိုအား မေးလိုက်လေသည်။

" ဒါနဲ့ ဂျွန်ဘုရင်က ဆိုးလား ဂျီဟို..."

ဂျီဟို ရုတ်တရက်ကြောင်သွားပြီးမှ ထယ်ယောင်းက အားလုံးကိုမေ့နေတာ သတိရပြီး ေပြာပြဖို့လုပ်လိုက်သည်။

"အရှင်က ဆိုးတယ်ရယ် မဟုတ်ပေမဲ့ ဆိုးတယ်..."

"  ဟမ်...ဘာကိုပြောတာလဲ..."

"ပြောစရာမယ်ဆို အရှင်က ကြင်ယာတော် သုံးယောက်တောင် ယူထားပေမဲ့ ဘယ်သူ့ကိုမှ မိဖုရားခေါင်ကြီးနေရာ မမြောက်သေးဘူးလေ...ဂျီဟိုထင်တာတော့ ဟယ်ဂျင်းမယ်မယ်က မိဖုရားခေါင်ကြီး ဖြစ်မယ်ထင်တာဘဲ...ဆိုးတယ်ဆိုတာက အရှင်က စိတ်ဆက်တယ် ဂျီဟိုနဲ့က ငယ်သူငယ်ချင်းဆိုတော့ အဲ့လောက်မဆိုးပေမဲ့ ဟယ်ဂျင်းမယ်မယ်အပေါ်ဆိုးတယ် အရှင်က လက်ကိုင်ရင်တောင် လက်ကိုဆွဲဖြုတ်တာ ပြီးတော့သူ့ကိုလေသံမာတာ မထီမဲ့မြင်ပြုတာဆိုလဲ အသေရိုက်နှက်ခိုင်းတာ သတိထားဖို့တော့လိုမယ် ထယ်ယောင်း..."

"သေချာရှင်းပြပေးလို့ ကျေးဇူးပါ ဂျီဟို..."

"မလိုပါဘူး ထယ်ယောင်း သိချင်တာအမြဲမေးလို့ရပါတယ်..."

"ဒီမှာဘာလုပ်နေကြတာလဲ..."

ထယ်ယောင်းနဲ့ ဂျီဟို စကားပြောနေတုန်း ဟိုနေ့က ဂျွန်ဂျောင်ဂုဆိုသူက မေးလေသည်။

"အရှင်...ဂျီဟိုက ထယ်ယောင်း ပျင်းနေလို့ ဉယျာဉ်ထဲခေါ်လာပေးတာပါ..."

ဂျီဟိုသည် ထိုသို့​ပြောပြီး ဉီးညွှတ်နှုတ်ဆက်နေတာကြောင့် ထယ်ယောင်းလဲ...။

"ဂျီဟို မင်းနဲ့သူကလဲ ရွယ်တူဘဲလေ ဉီးညွှတ်စရာမလိုပါဘူး ခါးပြန်မတ်စမ်းပါ...ဂျီဟိုရဲ့..."

ထယ်ယောင်းအပြောကြောင့် ဂျီဟိုမျက်နှာနုနုလေးမှာ ချွေးပင်ပျံလာလေသည်။

"ထယ်...ထယ်ယောင်း..ဂျွန်ဘုရင်မို့ ဉီးညွှတ်နှုတ်ဆက်ရပါမယ်..."

ဂျီဟိုစကားကြောင့် ထယ်ယောင်း တစ်ကိုယ်လုံးတောင့်သွားလေသည်။

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now