🌠6🌠

2.8K 187 38
                                    

Unicode

"မယ်မယ်​အတွက် ကျွန်တော်မျိုး ေရချိုးကန်ကို ပွင့်ဖတ်တွေနဲ့ ပြင်ဆင်ခိုင်းထားပါတယ်..."

အထိန်းတော်ကြီးက ထယ်ယောင်းအား တံခါးအပြင်ဘက်က နေလှမ်းပြောသောကြောင့် ထယ်ယောင်းလဲ ရေချိုးရန်ပြင်လိုက်လေသည်။

ထယ်ယောင်း ရေချိုးတဲ့ကန်ထဲ ဝင်လိုက်တော့ နှင်းဆီပန်းအဖြူလေးတွေက ရေနွေးကန်ထဲ ခြွေချထားသဖြင့် နှင်းဆီပန်းအနံ့လေးက သင်းပျံ့နေလေသည်။

"ဝါး နွေးနေတာဘဲ..."

ထယ်ယောင်းလဲ ရေချိုးကန်ထဲ ဝင်ပြီး နှင်းဆီပန်းလေးတွေကိုင်ကာ အပျော်ကြီးပျော်နေလေသည်။

"ဒီလိုကျတော့လဲ အရင်ခေတ်က ရေချိုးကန်တွေက မိုက်သားဘဲ..."

ထယ်ယောင်းလဲ ရေကောင်းကောင်းချိုးပြီး အပေါ်ထပ် အဝတ်အဖြူအပြားလေးနဲ့ အပြင်ထွက်လာပြီး အဝတ်လဲခန်းထဲဝင်ဖို့ လုပ်လိုက်ချိန် ခြေထောက်သွားပြီး မှောက်ရပ်လဲကျလေသည်။

"အာ့...ကျိုးပြီးလမသိဘူး..."

"အဆင်ပြေရဲ့လား..."

ထယ်ယောင်း နာလို့ငြီးနေတုန်း ဘယ်ကမှန်းမသိ ပေါ်လာသော အရှင်ကြောင့် လန့်သွားမိလေသည်။

"အဆင်ပြေပါတယ်... အရှင်..."

"အင်း...ထ...ငါထူပေးမယ်..."

ဂျောင်ဂု ထယ်ယောင်းကို ထူပေးရင် ကိုင်ထားတာ ထယ်ယောင်း ရင်ဘတ်နေရာ ဖြစ်၍ ထယ်ယောင်း မျက်နှာက ခရမ်းချဉ်သီးလိုပင် နီရဲလာလေသည်။

"အ...အရှင် လက်လေးနည်းနည်း...ဖယ်ပေးလို့ရမလား..."

ထယ်ယောင်း ပြောလိုက်တော့ ဂျောင်ဂုက ထယ်ယောင်းကိုပင် မကြည့်ဘဲ အမြန်ဖယ်လိုက်လေသည်။

"ထယ် အဆင်ပြေတာမို့ အဝတ်လဲလိုက်ပါအုံးမယ် အရှင်..."

တဖက်လှည့်နဲ့ သူ့ကိုသွားခိုင်းလိုက်သောကြောင့် ဂျောင်ဂုလဲ အဝတ်လဲခန်းရဲ့ အပြင်သို့ ထွက်လာလိုက်လေသည်။

ပြီးမှ ထယ်ယောင်း ရင်ဘတ်ကို ကိုင်မိသွားသော လက်အား ဂျောင်ဂုသေချာကြည့်နေမိလေသည်။

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now