အခန်း(၇)

6.6K 303 6
                                    

"ဒါဆို ကျွန်မတို့ ၄လပိုင်း ၃ရက်နေ့မဂ်လာပွဲကျင်းပမယ် သကြန်ပြီးရင်ဆိုတော့ကြာနေမှာပေါ့ "

"ဒါလည်းကောင်းပါတယ်မြန်မြန်ပြီးတော့ကျွန်တော်လည်းတရားစခန်းဝင်ရမယ်
ပြီးတော့ကျွန်တော့ဘက်ကနွား၅ကောင်လယ်၃ကွက်နဲ့တင်တောင်းပါ့မယ်"

"အို .ရပါတယ်နှစ်ယောက်လုံးကယောကျာင်းလေးတွေဘဲဉစ္စဒါတွေမလိုပါဘူးရှင်"

အော်အမေတို့များကိုယ့်သားချောချောလေးအတွက်တန်ဖိုးတောင်မယူဘူး...

"ဒါဆိုရင်လည်း ပွဲကုန်ကျစရိတ်တော့ကျွန်တော်ပေးပါမယ် ဒါတော့မငြင်းပါနဲ့ မစိန်ကြည်တို့သားကငယ်ငယ်လေးဘဲရှိသေးတာကိုဒီလောက်တော့ကျွန်တော့ဘက်ကလုပ်ပေးချင်တယ်"

"ဟုတ်ကဲ့ပါရှင့် ဒါဆိုကော်ဖီနဲ့မုန်ံသောက်ကြပါဉီး"

လင်းညို့ကတော့ဒီလိုဖြစ်လာမယ်လို့တွေးတောင်မတွေးမိ ကိုယ်လုပ်တာကိုယ်ခံရောက်တော့တာဘဲဟူး...

"ကျွန်တော်တော့ပြန်ဉီးမယ် ဒါဖြင့်"

"ဟုတ်ကဲ့ပါအိမ်ရှေ့ထိလိုက်ပို့ပေးပါမယ်ရှင်ဟဲ့သူ့ထက်သာလာလေ "

"ဟာ..အမေကလည်းသားဒီပုံကြီးနဲ့အရှေ့ဘယ်လိုထွက်ရမှာလည်း အပေါ်တက်တော့မယ်တစ်ကိုယ်လုံးယားနေပြီ"

"ဟုတ်သားဘဲမစိန်ကြည်ရယ် ကလေးကိုသွားနားပါစေတော့"

တော်သေးတာပေါ့ ဟိုလူကြီးရဲ့အဖေကဝင်ပြောပေးလို့အမေကတကယ်ထွက်ခိုင်းမည်ပုံခိုင်းမည့်ပုံ အပေါ်ကိုသာထဘီစ မကာခပ်တွက်တွက်တက်သည်။ အခန်းထဲရောက်တာနဲ့အကျီင်တွေချွတ်ကာငိုလိုက်သည် ။ ယောကျာင်းကြီးယူရတော့မယ် မိန်းကလေးတစ်ယောက်နဲ့မှတောင်မတွဲရသေးဘူး ကျောင်းစာကိုဘဲအသည်းအသန်ကြိုးစားခဲ့တာမို့ ဒီကပြန်လို့ရှင်ရင်တော့ကောင်မလေးတစ်ယောက်ထားအုံးမယ်လို့တွေးထားသမျှသဲထဲရေသွန်ဖြစ်ကုန်ပြီ ငါဘဝလေးတော့သွားပါပြီ

......................................

"အဖေ ကျွန်တော်ပြောစရာရှိ..."

"ငါ့ကိုဘာမှလာမပြော လင်းညို့မောင်မောင် ကိုယ်လုပ်ထားတာကိုယ်သိ "

သူကြီးကတော် မြို့ကြီးသားNơi câu chuyện tồn tại. Hãy khám phá bây giờ