အခန်း(၁၅)

5.9K 277 5
                                    

လင်းညို့မောင်းလာတာအတော်ကြာပြီဆိုတော့နည်းနည်းထပ်မောင်းရင်သောမြို့ကိုရောက်ပါပြီလေ
တစ်လမ်းလုံးအိပ်လိုက်ထလိုက်ဘယ်အချိန်ရောက်မှာလည်းမရောက်သေးဘူးလားနဲ့အတော်လေးစကားများသောကောင်လေးအခုတော့ဘေးမှာအိပ်နေလိုက်တာများ

"ဟေ့ကောင်လေး ထတော့ရောက်တော့မယ်ကြားလား"

"ဟင်....ရောက်ပြီလား"

မျက်လုံးမပွင့်တပွင့်နှင်ဆိုလာသောစကား

"အေးအဲ့ဒါကြောင့်ထတော့ဘယ်နှယ့်အိပ်နေလိုက်တာလူသေကောင်အတိုင်းပဲ"

"ထပြီ ထပြီဘာဖြစ်နေလည်းမသိဘူးကိုယ့်ဘာသာကိုယ်အိပ်တာတောင်လိုက်ပြောနေတယ်ထော်လာဂျီကနားငြီးရတဲ့ကြားတည်းသူ့ကပါနားငြီးအောင်လုပ်နေတယ်အေးအေးဆေးဆေးမနေရဘူး"

"မင်းကမှပိုနားငြီးတာငါပြောလိုက်တာတစ်ခွန်းပြန်ပြောတာဆိတ်ဖင်ကချီးထွက်သလိုပဲ"

"ကျွန်တော့်ပါးစပ်ကိုဆိတ်ဖင်လို့ပြောလိုက်တဲ့သဘောလား လူတစ်ယောက်လုံးကိိုတိရစ်ဆာန်နဲ့နှိုင်းတယ်ပေါ့တွေ့မယ် ခင်ဗျားကိုခင်ဗျားအဖေနဲ့တိုင်မယ်အသက်ကကြီးပြီးအသိညဏ်မရှိတဲ့လူဒါဆိုရင်လည်းခင်ဗျားကတိရစ်ဆာန်နဲ့ယူရမှာလေ...

စကားပြောတာပြီးပြီဟုထင်လိုက်သော်လည်း
တံတွေးမျိုချကာဆက်ပြောသည်။

"ခင်ဗျားလည်းတိရစ္ဆာန် ပဲဖြစ်လာမှာလေအဲ့တော့တိရစ္ဆာန်ဖြစ်ချင်ရင် မဂ်လာပွဲကိုဖြတ်လိုက်လေ"

"ပြောလို့ပြီးပြီလား ဟိုရှေ့ဆိုရောက်ပြီ"

ဟင်ဘာလဲသူကိုဘာမှပြန်မပြောဘူးလားအနည်းဆုံးတော့တစ်ခုခုတော့ပြန်ပြောသင့်တယ်မလား

"ခင်ဗျားတစ်ခုခုတော့ပြန်ပြောလေ "

"ငါကကလေးမဟုတ်ဘူး ငါ့ကိုလာပြောတိုင်းပြန်မပြောဘူးပြီးတော့ငါမင်းကိုပြောခဲ့ဖူးတယ်လေ ခွေးဟောင်တိုင်းထကြည့်ရင်အိပ်ရေးပျက်တယ်လို့ဉီးနှောက်မကောင်းတာလား"

မိမိအားမကြည့်ဘဲအရှေ့ကိုသာအာရုံစိုက်မောင်းနေသောလူကစကားပြောနေသောလူကဘေးတိုက်အနေအထားဖြင့်နှာတံချွန်ချွန်မေးရိုးထင်းထင်းနဲ့ကြည့်ကောင်းနေသလိုလို
ရူးနေလားသူ့ထက်သာဘာမှကြည့်မကောင်ဘူးကိုယ့်ခေါင်းကိုသာနာနာလေးရိုက်လိုက်တယ်

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now