လင်ညို့ညဘက်အိပ်တော့သူ့ထက်သာအခန်းမှာအိပ်ရသည်။
အဖေကကတော့အောက်ထပ်မှဉီးလေးထွန်းမောင်နဲ့အတူချက်ပြုတ်တဲ့လူတွေနဲ့အတူ
စောင့်ကြသည်။
သူ့ထက်သာတော့သူ့အမအခန်းထဲမှာသွားအိပ်ရတယ်အစကတော့မအိပ်ဘူးအတင်းလုပ်နေသော်လည်းဒေါ်လေးဝင်ပြောမှငြိမ်သွားကာစူပုတ်ပုတ်မျက်နှာဘေးလုပ်နေသေးသည်။
လင်းညို့အခန်းထဲဝင်ဝင်ချင်းမြင်လိုက်ရသောဗလတွေနဲ့ကောင်ပုံကိုမြင်လိုက်ရတော့နှာခေါင်းရှုံ့လိုက်မိသည်။တစ်ခန်းလုံးနီးပါအဲ့ကောင်၏ပုံများကြောင့်စိတ်ရှုပ်ကာတစ်ခုချင်းဆီဆွဲခွာလိုက်သည်။ယောကျာင်းအားဖြစ်တာကြောင့်တစ်ချို့ပုံများမှာပြဲရဲနေသည်။အားလုံးနီးပါးခွာပြီးသောအခါမှဘုရားကန်တော့ကာအိပ်လိုက်သည်။
.
.
.
.
.
.
.
.
အောက် အီအီး အွပ်....မနက်မိုးအနည်းငယ်လင်းတာနဲ့ကြက်တွန်သံကဆူညံလျက်ဒါအပြင်အောက်မှာလည်းလူအသံတွေကောအိုးသံပန်းကန်သံတွေရောကြောင့်သူ့ထက်သာဘေးမှခေါင်းအုံးယူကာနားပိတ်ကာအိပ်ရန်ပြင်စဉ်
"ဟေ့ကောင်လေး ထတော့ပြင်ဆင်စရာရှိတာပြင်ဆင်အချိန်တွေကအလကားရတာမဟုတ်ဘူး"
အမေအသံမဟုတ်ပဲကြားလိုက်ရတဲ့အသံကြည်ကြည်လင်လင်ထကြည့်စရာတောင်မလိုဟိုလူအသံမှန်းသိသားဘဲအသံမလာခင်အဲ့လူအနံ့ကိုပြင်သိ ဟင်ငါရူးသွားပြီသူ့အနံကိုဘာလို့သိရမှာလည်း
သူ့ထက်သာစိတ်တိုတိုနဲ့ထထိုင်ကာကိုယ်ဆံပင်ကိုဆွဲလိုက်မိသည်။"ဟေ့ မင်းရူးသွားပြီလားနိုးရင်လည်းထတော့ငါတော့အရူးကိုယူရတော့မယ်နဲ့တူတယ်"
"အောင်မာ...ဘာလို့ရူးရမှာလည်းအငိုသန်ရဲ့ကျွန်တော်လည်းခင်ဗျားလိုအငိုသန်ကိုယူရတော့မှာလေ"
"ဘာပြောတယ် ငါ့ကိုလာမစနဲ့နော်နောက်ကျမှအဖေကယ်ပါအမေကယ်ပါမလုပ်နဲ့"
ဝတ်ထားသောပုဆိုးကိုဂတောင်းကျိုက်ကာတစ်ခုခုလုပ်တော့မည်ပေါင်တစ်ဖက်မှလည်းဆေးမင်ကြောင်အကွင်းတွေထိုးထားသည်။
ပုံသူ့ထက်သာတော်တော်လန့်သွားသည်မျက်နှာကိုကြည့်မိတော့ထိုလူကညစ်ထေးထေးပြုံးပြလာသည်။
YOU ARE READING
သူကြီးကတော် မြို့ကြီးသား
Romance၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့တော်ကောက်ရတာမဟုတ်ဘူးမတတ်သာလို့လုပ်လိုက်ရတာ ကလေး တွေကိုမကြိုက်ဘူးကွ" လင်းညို့မောင်မောင် "အောင်မာ ခင...