အခန်း(၃၁)

4.9K 189 5
                                    

တန်ခူးလဆိုသည့်ရာသီအတိုင်း နွေဥတုအပူချိန်ကတော့ လင်းညို့တို့ရွာတွင်ယောကျာ်းသားအများစု
အကျီင်တွေချွတ်လျက်သာနေမှသာ သက်သာလှသည်။ အမျိုးသမီးတွေကတော့သွားလေရာနှီးယပ်တောင်တစ်ချောင်းကိုင်လျက် သူ့ထက်သာကလည်း ရွာထဲကယောကျာ်းတွေနဲ့အပြိုင်သူလည်း အကျီင်ချွတ်မယ်တကဲကဲလုပ်နေသည်မို့လင်းညို့တစ်ယောက်လက်နှစ််ဖက်လုံးအားအငြိမ်ပေးမနေယပ်တောင်တစ်ချောင်းဆီကိုင်လျက်ယပ်ခပ်ပေးနေရသည်။ထိုပြင်လင်းညို့စမ်းသပ်ချင်တာတစ်ခိုရှိတာမို့လည်းပါသည်။

"ကိုကိုကြီး....မြန်မြန်လေးယပ်ပေးစမ်းပါနှဖူးမှာချွေးတွေကျနေပြီကိုယ့်ဘာသာပဲခပ်လိုက်ချင်ပါတော့တယ်"

"သူ့ထက်သာ....ဒါဖြင့်လည်းနင့်ဘာသာနင်ခပ်ပါလား
မောင်လင်းညို့ကိုမုန့်လုံးရေပေါ်လုံးခိုင်းလိုက်
နင်ဘေးကယပ်ခပ်ပေးလိုက်ချေ ငါကြည့်နေတ
ကြာပြီ မောင်လင်းညို့ကိုဆိုနိုင်သလားပဲ"

"အမေလည်း အဘကိုနိုင်တာပဲဟာ..."

"ပြန်မပြောနဲ့ မြန်မြန်ဆန်ဆန်လုပ် မောင်လင်းညို့
ခပ်ပေးမနေနဲ့ လက်ညောင်းတယ် "

"ရပါတယ်ကျွန်တော်ခပ်ပေးချင်လို့ပါ"

သူ့ထက်သာ၏နှဖူးမှကျလာသောချွေးအားသုတ်ပေးလျက်ဆိုလာသည်။

"ကောင်းပါပြီတော် ခပ်ချင်သပဆိုလည်းခပ်တော့
အမေအပြင်သွားကူပေးလိုက်ဦးမယ်"

သူ့ထက်သာတစ်ယောက်လုံးသာလုံးနေတာတစ်လုံးကြီးလိုက်သေးလိုက်နှင့်လက်ချောင်းဖြူဖြူလေးတွေမှာကောက်ညင်းဆန်တွေကကပ်လျက် လက်ဝါးလေးထဲတစ်ခုလုံးတိုင်းမျက်မှောင်ကျုံလျက်အာရုံတော်တော်လေးစိုက်နေပုံရသည်။ဒါဟာလည်းချစ်ဖို့ကောင်းသည်ဟုသာလင်းညို့ထင်သည်။အနည်ငယ်ကြာတော့ကိုယ့်ဘက်သို့လှည့်လာကာ

"ဒီမယ်...ကျွန်တော်ကိုမှန်မှန်ပြောစမ်း"

အရင်းအဖျားမရှိသည့်စကားကြောင့်လင်းညို့ဘာအမှားလုပ်မိသွားလည်းဆိုတာတောင်မသိ

"ကိုယ်ကဘာကိုမှန်မှန်ပြောရမှာလဲ ကလေးလေး"

"ကျွန်တော်သိတယ်နော် ခင်ဗျားကျွန်တော်မုန်လုံးနေတဲ့တစ်လျှောက်လုံး ယက်ခပ်ပေးနေတယ်ဆိုတာရိုးရိုးသားသားမဟုတ်လောက်ဘူး တစ်ခုခုရှိတယ်
ဟိုတစ်နေ့ကအိပ်ခါနီးယက်ခပ်ခိုင်းတုန်းကကြလူကြီးကိုမခိုင်းရဘူးငရဲကြီးလိမ့်မယ်ဘာနဲ့အခုပြောဘာကြောင့်လဲ ခင်ဗျားနဲ့တစ်အိမ်ထဲနေတာမကြာသေး
ပေမယ့်ခင်ဗျားအကြောင်အကုန်သိတယ် တစ်ခုခုလိုချင်မှတစ်ခုပြန်လုပ်ပေးတာ ဘဲသားဘဲကျေနည်းတွေသိပ်ကြိုက်တာလေမဟုတ်ဖူးလား ဖြေလို့ဆို"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now