အခန်း(၈)

6.3K 308 7
                                    

သူ့ထက်သာအခုနမ်းခံလိုက်ရတာလား
ယောကျာ်းတစ်ယောက်ဆီမှာလေဘယ်လိုတောင်ရှက်ဖို့ကောင်းတဲ့ဖြစိရပ်လည်းအမေထွက်လာသည်မို့ကိုယ့်နှုတ်ခမ်းအားဖိကပ်ထားသောဝိုလူကိုဆောင့်တွန်းလိုက်သည်။

"ခင်ဗျား​ဘာလုပ်တာလည်း အရိုင်းအစိုင်း "

ကိုယ်လုပ်လိုက်သောအပြုအမူကြောင့်သူ့နှုတ်ခမ်းကိုအုပ်ကာအော်မြို့ကြီးသား

"မင်းကငါ့ကိုစိတ်တိုအောင်လာလုပ်တာကို အမြင်ကပ်လို့"

ဒေါ်စိန်ကြည်တစ်ယောက်သူ့ထက်သာနင့်လင်းညို့ကိုကြောင်ပြီးကြည့်နေမိသည်ဒါကိုရိပ်မိသွားတဲ့သူ့ထက်သာက

"အမေ...အမေထင်သလိုမဟုတ်ဘူးနော် အဲ့လူကသားကိုဒီလိုလာလုပ်တာ "

"သားငယ်ရှက်မနေပါနဲ့အမေနားလည်ပါတယ် "

"အမေမဟုတ်ဘူး ဟေ့လူပြောလိုက်လေခင်ဗျားအရင်ကျွန်တော့်ကဲဒီလိုလုပ်တာလေပြောပြလိုက်"

သူ့ထက်သာရှက်လွန်းလို့မျက်နှာတောင်ဘယ်မှာထားရမှန်းမသိ

"ဟုတ်ပါတယ်ဒေါ်လေးကျွန်တော်ကိုစိတ်တိုအောင်လုပ်လို့ဒီလိုလုပ်လိုက်..."

"ဒေါ်လေးသိပါတယ်ဆိုနှစ်ယောက်လုံးရှက်မနေနဲ့နောက်ဆိုဒီထက်ဆိုးတဲ့ကိစ္စတွေတောင်ဖြစ်လာမဲ့ဟာ မောင်လင်းညို့ဘာပြောစရာရှိလို့လာတာလည်း အထဲဝင်လာ"

"ရပါတယ်ဗျ ကျွန်တော်မဝင်တော့ပါဘူး ပြောစရာကတော့မနက်ဖြန်ရွာဉီးကျောင်းကို
မဂ်လာပွဲကိစ္စသွားပြောဖို့မနက်၈နာရီလောက်သူ့ထက်သာကိုလာခေါ်ပါ့မယ်လို့လာပြောတာပါ မပြောလိုက်ဘဲလာခေါ်ရင်နိုးမယ်မထင်လို့ပါ"

"ဒါတော့ဟုတ်တယ်မောင်င်းညို့ရေမနက်ဆိုရင်၁၀ နာရီလောက်မှထတာလာပြောပေးလို့ကျေးဇူးဘဲကွယ်"

"ရပါတယ်ဒါဖြင့်ကျွန်တော်ပြန်ဉီးမယ်နော်"

ဟိုကောင်လေးကိုကြည့်တော့တော်တော်ရှက်နေသည့်ပုံဒေါ်လေးသာမထွက်လာရင်သူတော့ထိုးခံရမည်ပုံ..

"အေးပါသားရယ် ကောင်းကောင်းသွားနော် "

အိမ်ထဲရောက်တော့အမေကခပ်ပြုံးပြုံးဖြင့်

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now