Part 8

2.5K 66 3
                                    

Uni

" ခင်များ ဘာလုပ်​တာလဲ ၊ ယဥ်ကျေးမှုကိုမရှိဘူး "
ကားထဲ ရောက်တော့ နှိုင်းဘက်က စပြီးစကားပြောတော့သည်။
" အဲ့မိန်းမ အပေါ်တော့ ယဥ်ကျေးမှု ရှိစရာမလိုဘူး "

" ဘာလို့လဲ "

" ဒါက ငါတို့ရဲ့အိမ်တွင်းရေး ကိစ္စမို့လို့ မင်းသိစရာမလိုဘူး "

အင်းပေါ့ ဒါကသူတို့ရဲ့အိမ်တွင်းရေး ဆိုတော့ နှိုင်းလည်းသိစရာမလိုဘူးထင်ပါတယ်။
ထားလိုက်ပါလေ ၊ နှိုင်းက အရမ်းစပ်စု တဲ့သူမျိုးထဲလဲမပါဘူးဆိုတော့.... ။

.....

နှိုင်းအိမ်ရှေ့ကိုကားလေးရောက်တော့ မေကြီးက ခြံထဲက အပင်တွေကို ရေလောင်းနေတာ တွေ့ရသည်။
နှိုင်းလည်း မျက်ရည်များကိုမထိန်းနိုင်ကာ ငိုချပြီး မေကြီးရှိသည့် ခြံဝန်းထဲသို့ ပြေးဆင်းသွားသည်။

" မေကြီး..အီးးဟီးးး"

နှိုင်းက ပြေးဖက်လိုက်တော့ ရေလောင်းနေတဲ့ မေကြီးက လက်ထဲက ရေပုံး များကိုပင် လွှတ်ချ​ကာ နှိုင်းကို ပြန်ဖက်လာသည်။

" မေကြီးရဲ့သားလေး ၊ မေကြီးရဲ့သားငယ်လေး နှိုင်း ပြန်လာတယ်ပေါ့ လေ ၊ မေကြီးဖြင့်လွမ်းနေခဲ့တာကွယ် "
မေကြီးရဲ့အသံမှာ ငိုသံနည်းနည်းပါနေသည်။

" သားလည်းလွမ်းတယ် မေကြီး.. "
သားအမိနှစ်ယောက် မှာတင်းကြပ်စွာဖက်ထားပြီး ပျော်ရွှင်သောကြောင့် မျက်ရည်များပင် ထွက်ကြသည်။

" မေကြီး...သားက ဒီကိုအပြီးပြန်လာခဲ့တာ ၊ မေကြီးနဲ့ပဲ အတူတူနေတော့မှာ ၊ မေကြီးစျေးရောင်းစရာမလိုတော့ဘူးနော် "

ဒေါ်ခတ္တာနွယ်ဟာ သူမရဲ့ ခင်ပွန်း မရှိခင်ထဲက သူမရဲ့သားကို စျေးရောင်းကာ ရှာဖွေကျွေးမွေးစောင့်ရှောက်နေတာ ဖြစ်သည်။ အိမ်ရှေ့မှာလဲ အသီးအရွယ် မျိုးစုံစိုက်ထားသေးသည်။ ထိုမှ သီးပွင့်သော ဟင်းသီးဟင်းရွက်များကို ခူးကာ အိမ်နီးချင်းများကို ပြန်ရောင်းလေ့ရှိသည်။ စျေးထဲမှ အသားငါးတွေဝယ်ပြီး စျေးနဲ့အလှမ်းဝေးသည့် ရပ်ကွက် တွေမှာ စျေးပြန်ရောင်းသည်။
ထို့ကြောင့်ထင်ပါသည် မေကြီးသည် အသက်ရွယ်တော်တော် ကျသွားလိုက်တာ အရေတွေတောင်တွန့်လို့ ။ သို့သော် မေကြီးဟာ လှနေဆဲပါပင်။

Only for you ( မင်းအတွက်သာ)Where stories live. Discover now