Part 22

2.3K 61 0
                                    

Uni

နှိုင်းတို့ရဲ့ မင်္ဂလာဆောင်ကို အသိအနည်းငယ်ဖြင့်သာ ပြုလုပ်ဖြစ်သည်။
အရမ်းကြီး ကြီးကြီးကျယ်ကျယ်တွေကိုနှိုင်းမကြိုက်ပါ။

" ဘေဘီ ဘေဘီ့ရဲ့ မေမေဆီကိုလည်း ကိုကိုတို့သွားရအောင်လေ ၊ သူ့သားဖြစ်သူက မင်္ဂလာဆောင်တာတောင် သူ့ကိုအသိမပေးဘူးဖြစ်မှာဆိုးလို့"

နှိုင်းတို့အခု ကွန်ဒိုအသစ်ကိုပြောင်းနေတာဖြစ်သည်။ ပစ္စည်းတွေအားလုံး နေရာချပြီး နှိုင်းက ဆိုဖာပေါ်မှာ ထိုင်နေတုန်း သူက ဘေးမှာဝင်ထိုင်သည်။
ပြီးတော့ နှိုင်းရဲ့လက်လေးကိုလာကိုင်ကာ ပြောသည်။

" အင်း ကျွန်တော်တို့သွားကြတာပေါ့၊ ကျွန်တော်လည်း မေမေ့ကိုလွမ်းနေတာ"

" ဟင်.. ဘေဘီကလည်း အပြောအဆိုက သူစိမ်းဆန်လိုက်တာ ၊ အရင်နေ့တွေတုန်းက ကျတော့ သူ့ကိုသူ ဘေဘီလို့ သုံးပြီး ကိုကို့ကို ကိုကိုလို့ခေါ်ပြီးတော့များ"

အင်းးပြောရရင် နှိုင်းဒီလိုအသုံးအနှုန်းမျိုးကိုနေသားမကျသေးတာဖြစ်သည်။ နေ့ချင်းညချင်း ချစ်ခွင့်ပန်ပြီး နေ့ချင်းညချင်းပဲ မင်္ဂလာဆောင်လက်ထပ်သွားကြတာ ၊ သူနဲ့နေခဲ့ရတဲ့ကာလကလည်း မနည်းတော့ အနည်းငယ်တော့သံယောဇဥ်ဖြစ်မိပါတယ် ၊ ဒါကိုတော့နှိုင်းဝင်ခံပါတယ်။ ပြီးတော့ နှစ်ယောက်သားက အခုချိန်ထိ တစ်ယောက်ကိုတစ်ယောက် ချစ်တယ် လို့မပြောခဲ့ဖူးပေ၊ သူကလည်းအကြွေးနဲ့နှိုင်းကိုသိမ်းထားတာကို။

" ဟို နေသားမကျသေးလို့ "

" ဟင် ဘေဘီကလည်း ၊ လာပါ တစ်ခါလောက် ကိုကို့ကို ကိုကိုလို့ခေါ်ကြည့် "

ရှိုင်းက နှိုင်းရဲ့ပုခုံးနှစ်ဖက်ကို ဆုတ်ကိုင်ပြီး သူနဲ့မျက်နှာချင်းဆိုင်စေကာ မျက်လုံးများကိုဆုံစေပြီး သူ့ကို ကိုကိုလို့ခေါ်ခိုင်းသည်။
ဒါပေမဲ့ နှိုင်းကတော့ အနည်းငယ် ရှက်သည်။ သူများတွေရှေ့မှာသာ show လုပ်ပြပါလို့ပြောလျှင် နှိုင်းလုပ်ပြနိုင်ပေမဲ့ အတည်ပေါက်ကြီး ပြောခိုင်းရင်တော့ မပြောနိုင်ပါ။

နှိုင်းက သူနဲ့ ကြာကြာအကြည့်ချင်းမဆုံချင်လို့ အကြည့်ကိုအလျှင်အမြန်လွှဲပစ်လိုက်ရသည်။

Only for you ( မင်းအတွက်သာ)Where stories live. Discover now